2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တက်တာက ပုံမှန်ပါ။ ဒီလိုတက်မှလည်း မေမေရော ကလေးပါ
ကျန်းမာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်တက်သင့်တယ်ဆိုတာတော့ ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်တက်ရမလဲဆိုတာက ကိုယ်ဝန်မဆောင်ခင်BMI နဲ့ ဆိုင်ပါတယ်။
လေ့လာချက်တွေအရတော့ ကိုယ်ဝန်ဆောင် မေမေတွေရဲ့ ၃ပုံ ၁ပုံလောက်ကပဲ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တက်တာပါတဲ့။ အများစုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာကို တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်စေဖို့ အောက်ကဆောင်းပါးမှာ လေ့လာကြည့်ပါ။
အကြမ်းအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ တက်လာသင့်တဲ့ ကိုယ်အလေးချိန်က
ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်
- ကိုယ်အလေးချိန် နည်း(BMI 18.5အောက်) >> တက်လာသင့်တဲ့ အလေးချိန်13−18 ကီလိုဂရမ်
- ကျန်းမာတဲ့ ကိုယ်အလေးချိန် (BMI18.5−24.9) >> တက်လာသင့်တဲ့ အလေးချိန်11−16 ကီလိုဂရမ်
- ကိုယ်အလေးချိန်များ (BMI25−29.9) >> တက်လာသင့်တဲ့ အလေးချိန်7−11 ကီလိုဂရမ်
- အဝလွန် (BMI 30 or more) >> တက်လာသင့်တဲ့ အလေးချိန်5−9 ကီလိုဂရမ်
*Source: Institute of Medicine and National Research Council
ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း (၆) ခုကတော့
- ကယ်လိုရီလိုအပ်ချက်ကို သိပါ။
အကြမ်းအားဖြင့် ကိုယ်ဝန်ပထမ ၃လပတ်မှာ ကယ်လိုရီများများ မလိုသေးပါဘူး။ ကယ်လိုရီတိုးချင်ရင် တစ်ရက်ကို ထမင်းတစ်လုံး ဒါမှမဟုတ် အသား၊ ငါး ၅၀ဂရမ် ဒါမှမဟုတ် ကြက်ဥတစ်လုံးလောက် ပိုစားပေးရင် ရပါပြီ။ ကိုယ်ဝန်ဒုတိယ၃လပတ်ဆိုရင်တော့ ၃၄၀ ကယ်လိုရီလောက် ပိုလိုလာပါပြီ။ နောက်ဆုံးလတွေဆိုရင်တော့ ၄၅၀ ကယ်လိုရီလောက် ပိုစားရပါတော့မယ်။ စားတဲ့အခါမှာ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနဲ့ အသီးအရွက်တွေ မျှတအောင် စားဖို့ လိုပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်တက်လာလဲဆိုတာကို စစ်ဆေးပါ။
ကိုယ်ဝန်ရှိစတည်းကနေ ကိုယ်ဝန်တလျှောက်လုံး ပုံမှန်စစ်ဆေးသွားပါ။ ကျန်းကျန်းမာမာ ကိုယ်အလေးချိန်တက်လာရဲ့လားဆိုတာကို စစ်ဆေးပါ။ ဒီကနေ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ https://hellosayarwon.com/health-tools/pregnancy-weight-gain-calculator/
- အာဟာရမျှတအောင် စားပါ။
ကောက်နှံတွေ၊ အသီးအရွက်၊ အသီးအနှံ၊ အဆီလျှော့ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ အဆီမပါ အသားတွေကို စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ တော်တော်များများ စားလို့ရပါတယ်။ ရှောင်ရမယ့် အစားအစာတွေကို ဒီမှာ ဖတ်ကြည့်ပါ။ https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/foods-to-avoid-during-pregnancy/
- လှုပ်လှုပ်ရှားရှားနေပါ။
ဒါက ကလေးမွေးတဲ့အခါ တော်တော်လေး အထောက်အကူ ဖြစ်စေပါတယ်။ ဆရာဝန်က မလုပ်ရဘူးလို့ တားမြစ်ထားတာ မဟုတ်ရင် နေ့စဉ်လုပ်နေကျ အလုပ်တွေ၊ လေ့ကျင့်ခန်းအပေါ့စားလေးတွေကို လုပ်ပေးနိုင်ပါတယ်။
- အဆီနဲ့ သကြားတွေ လျှော့စားပါ။
အချိုရည်တွေ၊ အချိုပွဲတွေ၊ ဆီကြော်စာတွေ၊ အဆီမထုတ်ထားတဲ့ နို့တွေ၊ ဆီများတဲ့ အစားအစာတွေမှာ အဆီနဲ့ သကြားတွေ ပါဝင်မှု များပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိရဲ့လားဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။ ဒါမှ တစ်ယောက်ချင်းစီအတွက် အကောင်းဆုံးအကြံဉာဏ်ကို ပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်များလွန်းတာက ကိုယ်ဝန်ဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ဆီးချို၊ ကလေးးမွေးရခက်တာ၊ ခွဲမွေးရတာ၊ လမစေ့ဘဲမွေးတာတွေကို ဖြစ်စနေိုင်ပါတယ်။ ဒါပေမယ့် အစိုးရိမ်လည်း မလွန်ပါနဲ့။ ကိုယ်အလေးချိန်များနေပေမယ့်
ကျန်းကျန်းမာမာမွေးသွားတဲ့ မေမေတွေ ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကျသွားတာနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ လေ့လာချက်တွေ မရှိသေးပါဘူး။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကျန်းကျန်းမာမာ ကိုယ်အလေးချိန်တက်အောင် ကြိုးစားနိုင်သလို ရက်ချိန်းပုံမှန်ပြတာ၊ သွေးပေါင်ချိန်ပုံမှန်တိုင်းတာတွေလည်းလုပ်ပေးသင့်ပါတယ်။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်