2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ကာလ (၂၆)အပတ်အတွက် ဘာတွေသိထားရမလဲ
26ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
26ပတ် အရွယ်ကလေးလေးက ကိုက်လန်ရွက်အရွယ် ၃၅.၅၆ စင်တီမီတာ ၇၇၀ ဂရမ် လောက်ရှိပါပြီ။ ကလေးလေးရဲ့ မျက်စိက အခုချိန်ထိပိတ်နေပေမယ့် မကြာခင်မှာ ပွင့်လာပြီး မျက်စိအဖွင့်အပိတ်လုပ်လို့ ရတော့မှာပါ။ လူမျိုးပေါ်လိုက်ပြီး ကလေးလေး မျက်ဆံတွေက ညိုတာ၊ မည်းတာဆိုပြီး ကွဲပြားနိုင်ပါတယ်။ မျက်လုံးအရောင်က မွေးပြီး ပထမတစ်နှစ်အတွင်း အရောင်ပြောင်းပါတယ်။ တချို့လည်းမွေးကတည်းက ညိုတာ၊ နက်တာ
ပါလာပြီးသားပါ။ မျက်တောင်နဲ့ ဆံပင်တွေလည်း ရှည်လာမှာပါ။
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
မမွေးခင်အထိ မေမေ့သားအိမ်က သားသားမီးမီးတွေအတွက် အလုံခြုံဆုံးနေရာပါ။ ဒါပေမယ့် မွေးလာရင်တော့ ကလေးက နေရာပြောင်းရတော့မှာပါ။ ဒီတော့ ကိုယ့်အိမ်ကိုကလေးအတွက် လုံခြုံတဲ့နေရာဖြစ်အောင် စပြီးပြင်ဆင်သင့်ပါပြီ။ ကလေးလေး လုံခြုံဖို့အတွက် နည်းလမ်းလေးတွေရှိပါတယ်။ ပလက်ပေါက်တွေကို ဖုံးထားပါ။ ညပ်နိုင်မယ့်၊ အန္တရာယ်ရှိတဲ့ နေရာတွေဖယ်ထားပါ။ မီးခိုးငွေ့ အချက်ပေးခေါင်းလောင်းတပ်ထားပါ။ လှေကားနေရာမှာ ပိတ်ထားပါ။ စဉ်းစားမိသလောက်ကို ကြိုတင်ကာကွယ်ထားပါ။ ကလေးလေးကို ဘာနဲ့မှ အစားထိုးမရဘူးဆိုတာ အမြဲသတိရပါ။
သိသင့်သိထိုက်တာလေးတွေ
လမ်းလျှောက်ရင် ဟန်ချက်မညီဘဲ ကိုးယိုးကားယား ဖြစ်နေနိုင်ပါတယ်။ နောက်ဆုံး ၃ လပတ်မှာဆို လဲကျနိုင်ချေများပါတယ်။ ဗိုက်ကလည်း ပိုပူလာဦးမှာပါ။ ကမ္ဘာ့ဆွဲအာဗဟိုချက်က နေရာရွေ့ပြီး အရှေ့ရောက်သွားမှာပါ။ အဆစ်တွေမခိုင်တော့သလို
ပင်ပန်းတာကြောင့် အတွေးလွန်တာ သတိမရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့
အမြင်တွေမှားပြီး လဲကျဖို့ များတာပေါ့။ သွားတာလာတာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်