ဝမ်းချုပ်တာပုံမှန်ပဲလား
Haemorrhoidopexy 18.11.22မှာ တစ်ခါလုပ်ခဲ့တယ် 25.11.22မှာသွေးကြောပေါက်လို့အရေးပေါ်ခွဲခန်းပြန်ဝင်ပြီးသွေးသွင်းပြီးချုပ်ခဲ့ရပါတယ် ခုအနာတော့ကောင်းပါတယ် မနေ့ညကအမျိုးသမီးနဲ့လိင်ဆက်ဆံပြီး ဒီနေ့ဝမ်းကသွားတိုင်းမပါဘူးဖြစ်နေတာ ၅ခါရှိပါပြီ အရင်ရက်ကတော့ မနက်ဘက် ၂ခါပုံမှန်ဝမ်းသွားပါတယ် ခုဒီလိုဖြစ်တာပုံမှန်ပဲလား ကျေးဇူးပြု၍ဖြေကြားပေးပါ

















ဝမ်းက တစ်ခါတလေ ချုပ်တတ်ပါတယ်။ စိုးရိမ်စိတ်လေး လျှော့ပြီး ရက်ပိုင်းလောက် စောင့်ကြည့်ပါ။ ဒီရက်ထဲမှာ အထိုင်မများအောင် နေပါ။ ရေများများသောက်ပြီး အသီးအရွက်များများ စားကြည့်ပါ။ လိပ်ခေါင်းဖြစ်ဖူးတော့ အိမ်သာထဲမှာ ကြာကြာထိုင်တာ၊ ဝမ်းအတင်းညှစ်တာကိုတော့ ရှောင်ပါ။