2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်မေမေဗိုက်တွေ ဘယ်လိုအိပ်ကြမလဲ
ကိုယ်ဝန်နည်းနည်းရင့်လာရင် ဗိုက်က အင့်လာတာ၊ ကလေးက ရင်ခေါင်းဆောင့်လို့ ရင်ပူလာတာ၊ ညညဆို ကြွက်တက်တာ စတာတွေကြောင့် အိပ်ရေးပျက်ကြပါတယ်။ ကိုယ်ဝန်ဆောင်တွေက အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။
ဒီတော့ ညဘက်အိပ်တဲ့အခါ
- လနုချိန်ဆို ခဏတဖြုတ် မှောက်အိပ်ချင် အိပ်နိုင်ပါတယ်။ ဗိုက်မခံနေဘူးဆိုရင်ပေါ့။ အထဲမှာ ရေမြွာရည်ရှိလို့ တအားစိတ်မပူပါနဲ့။
- ပက်လက်ကတော့ ကြာကြာမအိပ်သင့်ပါဘူး။ အထူးသဖြင့် လရင့်လာရင်ပေါ့။ ပက်လက်အိပ်တာက အထဲက သွေးကြောမကြီးကို ဝိတ်နဲ့ ဖိထားသလိုဖြစ်လို့ သားအိမ်နဲ့ ကလေးဆီ သွေးကောင်းကောင်း မရောက်တာမျိုးဖြစ်တတ်ပါတယ်။
- အကောင်းဆုံးကတော့ ဘေးစောင်းအိပ်တာပါ။ ကြိုက်တဲ့ဘက် စောင်းအိပ်လို့ ရပေမယ့် ဘယ်ဘက်ကတော့ ပိုကောင်းပါတယ်။
- ဘေးစောင်းအိပ်ပြီး ခွခေါင်းအုံးလေး ခွထားပါ။
- တကယ်လို့ ရင်ပူတတ်တယ်ဆို ကုတင်ခေါင်းရင်းကို မြင့်ထားတာ ဒါမှမဟုတ် ခေါင်းအုံးကို နည်းနည်းမြင့်ထားပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီး မအိပ်ပါနဲ့။ ကိုယ်သက်သောင့်သက်သာရှိတဲ့ ပုံစံနဲ့ အိပ်ပါ။ လိုအပ်ရင်ခေါင်းအုံးတွေ များများသုံးပါ။
အိပ်ခါနီးရင်လည်း ရေအများကြီး မသောက်နဲ့နော်။ ညကျ ရှူးခဏခဏ ထပေါက်ရရင် အိပ်ရေးပျက်တယ်ဟုတ်။
မေမေဗိုက်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြပါစေ။
မှတ်ချက် 2ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ဆရာရယ် ကိုယ်ဝန်က ၅ပတ်ရှိပါပီဗျ အမျိုးသမီးက အဖျားကြီးပြီး ခနခနအန်နေပါတယ် ဆရာ မနေ့က ဆို သွေးခဲတွေထွက်လာတဲ့ဗျဆရာ ဘာဖြစ် တာလည်းဗျ