🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ

မေမေတို့ ရဲ့ ဘေဘီလေး ဘယ်လိုဖွံ့ဖြိုးလာပါသလဲ...?

ဒီအပတ်မှာ သင့်ခန္ဓာကိုယ်က ကလေးလေးကို လက်ခံပျိုးထောင်ဖို့အဆင့်ဖြစ်နေတဲ့လက္ခဏာ ပြလာပါပြီ။ ဒီအပါတ်အကုန်လောက်မှာ မျိုးဥကကြွေကျပြီး သန္ဓေအောင်ဖို့စောင့်နေမှာပါ။ သင့်အမျိူးသားကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားခိုင်းလို့ရပါပြီ။သင်တို့ ကလေးသန္ဓေတည်ဖို့ သင်တို့နှစ်ယောက်လုံး အားထုတ်ဖို့လိုပါတယ်။ ဒီအပတ်အတွက် ကံကောင်းပါစေ။


အခုချိန်မှာယောက်ျားလေး မိန်းကလေးစကွဲပြီဆိုတာ သင်သိပါသလား...?

ဒါပေမယ့် ၁၈-၂၀ပတ်အထိ သင်သိဦးမှာမဟုတ်ပါဘူး။ဘယ်လိုဖြစ်လဲဆိုတာ ဆက်ကြည့်ရအောင်။ လူတိုင်းမှာ မျိုးရိုးဗီဇလက္ခဏာနဲ့ လုပ်ထားတဲ့ ခရိုမိုဇုမ်း ၄၆ ခုပါပါတယ်။ ၄၆ခုမှာ၂ခုက လိင်ခရိုမိုဇုမ်းပါ။ ၁ခုကသုတ်ကောင်မှလာပြီး ၁ခုမှာ သန္ဓေအောင်ပြီး မမျိုးဥကလာတာပါ။ မမျိုးဥက X ခရိုမိုဇုမ်းတစ်မျိုးတည်းရှိပြီး သုတ်ကောင်က X ရော Y ခရိုမိုဇုမ်းပါ ရှိပါတယ်။ တကယ်လို့သင့်ကလေးက XX ခရိုမိုဇုမ်းနဲ့ မွေးလာရင် မိန်းကလေး ဖြစ်ပြီး XY ဆိုရင် ယောက်ျားလေးဖြစ်မှာပါ။


မေမေတို့ရဲ့ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားလဲ...?

သင့်ခန္ဓာကိုယ်က မျိုးဥကြွေဖို့(မျိုးအောင်ဖို့)အဆင်သင့် ဖြစ်နေပါတယ်။ သားအိမ်ဘေးနံရံတွေ ထူလာပြီးကလေးလေးကို အာဟာရပြုဖို့ပြင်ဆင်ပါလိမ့်မယ်။ ဒီအပတ်ရဲ့နောက်ဆုံးရက်က ကလေးလေးသန္ဓေတည်ဖို့အကောင်းဆုံးပါပဲ။ ဘယ်အချိန်စရမလဲသိဖို့ မျိုးဥကြွေချိန် ကိုစစ်ဆေးကြည့်ချင်မှာပေါ့။ လိင်ဆက်ဆံချိန်မှာ သင့်အမျိုးသားက သုတ်ကောင်ကို ထုတ်ပေးပြီး ၎င်းက မမျိုးဥဆီ တက်သွားပါမယ်။ သုတ်ကောင်တစ်ကောင်က မမျိုးဥကိုဖောက်ပြီး သန္ဓေအောင်စေပါတယ်။ အဲဒီအခါမှာ မျိုးအောင်သွားတဲ့ဥက သားအိမ်နံရံမှာသွားတွယ်ပါတယ်။သင်ကိုယ်ဝန်ရှိနေမှန်း ရက်သတ္တပတ်အနည်းငယ်အထိကို သင်သိဦးမှာမဟုတ်ပါဘူး။


ဘာတွေပြင်ဆင်ထားရမလဲ...?

မျိုးဥကြွေတဲ့ရက်ကိုတွက်တာက သင့်ရာသီလာရက်အရေအတွက်၊ ရက်ပုံမှန်လာသလားပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ ရာသီမမှန်ဘူးဆိုရင် တွက်ရခက်ပါလိမ့်မယ်။ သင့်မျိုးဥကြွေရက်ကို တွက်ချက်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ လက္ခဏာတွေက မိန်းမကိုယ်ကနေ အချွဲကျတာ ကိုယ်အပူချိန် အနည်းငယ်တက်တာတွေပါ။ မျိုးဥက ၁၂-၁၄ရက် ကြားကြွေတာပါ။ သေချာအောင် သင့်အမျိုးသားနဲ့ ၁၂ရက်မတိုင်ခင်ကနေ

၁၄ရက်ကျော်ထိကို နေ့စဉ်လိင် ဆက်ဆံပေးသင့်ပါတယ်။


ဘာစစ်ဆေးမှုတွေ လုပ်ဖို့လိုလဲ...?

ဒီတစ်ခေါက်တော့ မမျိုးဥကြွေချိန်စစ်ဆေးတဲ့အကြောင်းကို သိချင်မှာပေါ့။ မိန်းကလေးတစ်ယောက်နဲ့တစ်ယောက် ရာသီလာချိန် မတူပါဘူး။၂၁-၂၈ရက် တစ်ကြိမ်ဖြစ်နိုင်ပါတယ်။ သန္ဓေတည်ဖို့ကြိုးစားနေရင်တော့ ဘယ်ချိန်လိင်ဆက်ဆံသင့်လဲသိဖို့ မျိုးဥကြွေချိန် စစ်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝန်ရှိမရှိစမ်းတာပါ။ မျိုးဥက သန္ဓေအောင်ပြီးရင် ကိုယ်ဝန်ရှိမရှိသိဖို့ ရက်သတ္တပတ်အနည်းငယ်ကြာပါမယ်။ တစ်ချို့က ရာသီစမလာတဲ့ရက်ကိုစစ်ပြီး တစ်ချို့က နောက်တစ်ပတ်မှာစစ်ပါတယ်။ ကိုယ်ဝန်ရှိတဲ့ လက္ခဏာပြရင် ဆရာဝန်နဲ့ပြပါ။

ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ ကိုယ်ဝန်ဆောင်ကာလ ဒုတိယအပတ် သိကောင်းစရာများ 
0
45
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်