ရာသီ နောက်ကျခြင်း🤒
မင်္ဂလာပါ ဒေါက်တာရှင့်
ညီမက 31 Aug မှာရာသီစလာခဲ့ပါတယ်။ 25 Sep မှာ ရာသီလာခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရာသီလာတဲ့ duration က ၃ရက်ကနေ ၄ရက်လောက်ရှိပါတယ်။ 8 July မှာ ရာသီလာခဲ့ပါတယ် ။
Julyတုန်းကတော့ လလယ်လောက်မှာ အရေးပေါ်တားဆေးသောက်လိုက်လို့ထင်ပါတယ်(အကာအကွယ်ပေါက်သွားတယ်လို့ထင်ရလို့ သောက်လိုက်တာပါ) အဲဒါကြောင့် Aug မှာ ရက်ရွှေ့သွားတာလို့ထင်ပါတယ် ။
အခု October မှာ ဒီနေ့ 27 Oct အထိ ရာသီမလာသေးလို့ပါ။ ညီမ အမျိုးသားနဲ့အတူနေရင် အမြဲတမ်း အကာအကွယ်သုံးပါတယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်ကြသေးလို့ပါ။
အခုလ ရာသီနောက်ကျတာ ကိုယ်ဝန်ကြောင့်ဖြစ်နိုင်လားရှင့်။
ဒါမှမဟုတ် တခြားအကြောင်းအရာတွေကြောင့်လားရှင့်။ September လလယ်လောက်ကတည်းက စာမေးပွဲတွေ၊ သင်တန်းတွေကြောင့် စိတ်ဖိစီးခဲ့ပါတယ်၊ အောက်တိုဘာ လလယ်ထဲမှာလည်း စိတ်ဖိစီးစရာကိစ္စတွေရှိပါတယ်။
ဒေါက်တာ ဆွေးနွေးလမ်းပြပေးပါအုံးရှင့်


















