အရေးပေါ်တားဆေး ထပ်သောက်ရန်လိုမလို
ဒီနေ့ဆက်ဆံနေတုန်း ကွန်ဒုံး ပေါက်သွားပါတယ်ဗျ အဲ အချိန်ကျနော် မပြီးသေးပါဘူးဗျ
ပြီးရင် ဆက်မလုပ်တော့ဘဲ နောက်ထပ် ၂နာရီ ခန့်အကြာမှာ g and g က ဝယ်ပြီး Unosure 72 တိုက်လိုက်ပါတယ်ဗျ ေဆး ရဲ့ expire date စစ်ဖို့မေ့သွားလို့ပါဗျ ဒီနေ့က သူရာသီပြီးတာ ၃ရက်မြောက် နေ့ပါဗျ ဆေးထပ်သောက်ရန်လိုသေးလာဗျ ဆေးကို expire date မစစ်မိဘဲ ဘူးခွံဲဲ လည်း ပစ်ခဲ့မိလို့ စိတ်ပူနေလို့ပါဗျ ဖြေပေးပါဗျ ဆရာဗျ ကောင်မလေးက လည်း ပထမဆုံး Unosure တစ်ခါသောက်ဖူးခဲ့တုန်းကလို ခေါင်းမူးတဲ့ လက္ခဏာတွေသိပ်မပြဘူးလို့ပြောလို့ပါဗျ

















Expကျော်နေတာတော့ မရောင်းလောက်ဘူး ထင်ပါတယ်
Batchလိုက်ထွက်တာဖြစ်လို့ စိတ်ထဲမရှင်းရင် ဆိုင်မှာ ပြန်သွားကြည့်နိုင်ပါတယ်
ဆေးက မလိုဘဲ ထပ်သောက်ရင် ဘေးထွက်ဆိုးကျိုး ပိုရနိုင်ပါတယ်။
ဆေးသောက်တိုင်း ခေါင်းမူးတာတော့ ဖြစ်မှာ မဟုတ်ပါ
တစ်ခေါက်နဲ့ တစ်ခေါက် ခန္ဓာကိုယ်နဲ့ တုံ့ပြန်ပုံခြင်း မတူနိုင်သလို ခေါင်းမူးတိုင်း ဆေးကြောင့်လို့ ပြောလို့မရပါ