ဒူးနာခြင်း
ညီမရဲ့အဘွားကအခု အသက်၇၀ကျော်ပါပြီ ဝိတ်ကများတဲ့ထဲလဲပါပါတယ် အခုနောက်ပိုင်းဒူးကအမြဲနာလာပြီး ညဘက်ဆိုမအိပ်နိူင်ဘဲဒူးနာတာ၊အကြောတတ်တာမျိူး အမြဲဖြစ်ပြီး ဆေးခန်းသွားပြီးဆေးထိုးပေးလိုက်ရင်လဲ ၂ရက်လောက်ကဒူးနာတာကသက်သာသွားပေမယ့် ဆေးရှိန်ပြယ်တာနဲ့ပြန်နာလာတာမို့ အသက်ကလဲရလာတော့ ဝိတ်ကျအောင်လဲ အဆီကျဆေးလဲမတိုက်ချင်လို့ ဘယ်လိုမျိူးကုသပေးလိုရနိုင်မလဲဆိုတာလေးပြောပြပေးလို့ရမလားရှင့်ဆရာ အောက်ကပုံကတော့လွန်ခဲ့တဲ့၂ရက်ကဒူးနာလို့ဆေးခန်းသွားပြရင်း ဆရာကဆေးထိုးပေးလိုက်ပြီး ဒီဆေးတွေပေးလိုက်တာ အဘွားကမသက်သာဘူးဆိုလို့ ဆေးကိုရှာကြည့်တော့ သွေးကျဆေးဆ်ုပြီးတွေ့မိလို့ ဒူးနာတာနဲ့ဒီဆေးနဲ့ကဆိုင်လားရှင့်ဆရာ ဒူးနာတာအတွက်ဘယ်လိုဆေးမျိူးသောက်ပေးသင့်လဲရှင့်ဆရာ
















ဒီဆေးတွေက သွေးတိုးရှိလို့ ပေးတာ ဖြစ်နိုင်ပါတယ်
ပုံမှာပါတဲ့ သွေးတွင်းအဆီကျဆေးက ဝိတ်ကျအောင် ပေးတာ မဟုတ်ပါဘူး
လေဖြတ်တာ၊ နှလုံးသွေးကြောမပိတ်အောင် ပေးတာပါ
ဒူးနာသက်သာချင်ရင် အကြောလျှော့လေ့ကျင့်ခန်းတွေ၊ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ အဘွားက ဝိတ်များနေရင်ဝိတ်ချရပါမယ်
အကိုက်အခဲပျောက်ဆေးတွေက သောက်တုန်း၊ ထိုးတုန်းခဏပဲ သက်သာမှာပါ။