မေးမြန်းခြင်း

ကျွန်တော်ကောင်မလေးက၁၃ရက်နေ့ကရာသီလာတာပါ ရာသီလာနေတဲ့နောက်ဆုံးရက်၁၅ရက်ည၁၂လောက်မှအကာအကွယ်မပါပဲအတူတူနေဖြစ်ပါတယ် ၁၆ရက်နေမနက်၁၁နာရီလောက်မှအရေးပေါ်တာဆေးတိုက်လိုက်ပါတယ် ညဘက်ရာသီရက်သွားပြီး ၁၆ရက်နေ့ညမှာတူတူထပ်နေဖြစ်သွားပါတယ် အဲဒါနဲ့ ၁၇ရကိနေ့ မနက်၈နာရီလောက်မှအရေးပေါ်တားဆေးထပ်တိုက်မိပါတယ် ဆေးသောက်ပြီးပြီးချင်းဘာလက်ခဏာမှမပြပါဘူး ၂၂ရက်နေ့မနက်မှရာသီနဲနဲပြန်လာနေလို့ပါ အဲဒါစိုးရိမိရလား အဲလိုလာတာကဆေးကြောင့်လား ဘာဖြစ်တာလဲ ဘာလုပ်ပေးရမလဲ ပြောပြပေးပါခင်ဗျာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
3

မှတ်ချက် 3ခု

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ဘာမှလုပ်စရာမလိုပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

သွေးဆင်းရက်ရှည်ရင်တော့ နုံးတတ်ပါတယ်။ နီးစပ်ရာဆေးခန်းပြကြည့်ပါ။ သံဓာတ်အားဆေးတွေ၊ ပုလင်းချိတ်တာတွေ လိုကောင်းလိုနိုင်ပါတယ်။ ဆရာဝန်က ကြည့်ပြီး လိုရင် လုပ်ပေးပါလိမ့်မယ်။

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာခင်ဗျာ ရာသီလာနေတာဒီနေ့၂၄ရက်နေ့ထိလာနေတာ ရာသီကရပ်မသွားသေးတာဘာလို့လဲခင်ဗျာ အဲလိုရပ်မသွားနေရင်ဘယ်လိုလုပ်ပေးရမလဲ လူကနုံး​​တယ်လို့​ပြောနေတော့ ဘာလုပ်ပေးရမလဲဆိုတာ ပြောပြပေးပါခင်ဗျာ စိတ်ပူလို့ပါခင်​ဗျာ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်