ကိုယ်ဝန်ရနိုင်ခြေရှိမရှိ
မင်္ဂလာပါ ဆရာမ။
ညီမ ရှေ့လ ၂၆ ရက်နေ့ကရာသီလာပါတယ်။ ၃၀ ရက်နေ့မှာပြီးသွားတာပါ။ ညီမကောင်လေးနဲ့ ဒီလ ၁၄ ရက် ၁၅ ရက်နေ့မှာ အတူနေဖြစ်ပါတယ်။ အတူနေတုန်းမှာ သုံးတဲ့ protection ကအရမ်းပါးတာကို သတိမထားမိခဲ့တာမို့ ၂ ခါလောက်တော့ပေါက်သွားပါတယ်။ ပေါက်သွားတာသိသိချင်းဆက်မလုပ်ဘဲရပ်လိုက်တာပါ အထဲမှာလည်းမပြီးပါဘူး။
ပုံမှန်ဆို ovulation က ဒီလ ၈ ရက် ကနေ ၁၀ ရက်အတွင်းပြီးနေပါပြီ။ Fertile Window ထဲတော့မဟုတ်နေပါဘူး။ ဒါပေမဲ့ ရှေ့ရက်တွေမှာ stress များခဲ့တာကြောင့် ovulation နောက်ကျသွားပြီး အတူနေတဲ့အချိန်နဲ့ သွားကိုက်နေမှာကိုစိုးရိမ်လို့ပါ။ ပုံမှန်ဆို ဒီလ ၂၀ ရက်နေ့ period လာရမှာပါ။ အဲ့တာစောင့်ကြည့်သင့်လား emergency pill ကလည်းဝယ်ဖို့လုံးဝမလွယ်တဲ့နိုင်ငံမို့ပါ။ အကြံလေးပေးပါအုန်း ဆရာမရှင့်။ ကျေးဇူးတင်ပါတယ်။
သားဥကြွေတဲ့ရက်က မှန်းထားတဲ့အတိုင်း ဖြစ်သွားတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး
အဲ့လိုမဟုတ်ရင်တော့ ကိုယ်ဝန်မရဖို့ တားဆေးသောက်သင့်ပါတယ်