Unosure 72
Oct 4 ရက်ညက ကောင်မလေး နဲ့ အတူနေပြီး နောက် unosure 72 တိုက်လိုက်ပါတယ်။ Oct 5 ရက်ကြကောင်မ လေးက ရာသီ လာရင် ဖြစ်တတ်တဲ့ ပုံစံ အတိုင်း ဗိုက် အောင့်လာပြီး သွေးစနည်းနည်းလေး ထွက်ပါတယ်။ Oct 6 ရက် မနက်နိုးလာတာ့ ကောင်မ လေးက ပြောတယ်ဗျ သူက ပုံမှန်ဆို လာရင် အဲ့လို နည်းနည်း လာပြီ နောက် နေ့မနက် နိုးပြီးဆို တော်တော် လာထားပြီးသား ဖြစ်နေကြ တဲ့ အခုက ကြ မလာလို့တဲ့ သူက လည်း first time ဆိုတော့ အဲ့တာ စိုးရိမ် နေလို့ပါ။ သာမာန်ပဲလားခင်ဗျ၊ ဘယ်လို တွေ ဖြစ်လာရင် စိုးရိမ် ရမလဲ သိချင်ပါတယ်။
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။