မေးခွင့်ပြုပါ။
Drရှင့်, မေးခွင့်ပြုပါ, ကလေးယူနေတာပါရှင့်။ အမျိုးသားက သုတ်ပို့အားနည်းလို့ Junလကတည်းက Oligocare သောက်ပါတယ် ၂လသောက်ခိုင်းပြီး ခုနောက်ပိုင်း Becozince ပဲသောက်ပါတော့တယ်ရှင့်။ ညီမကတော့ Ultrasound ရိုက်ပေးပြီး ရာသီမှန်တယ်,ရေအိတ်,အလုံးတည်တာမရှိလို့တခြားစစ်ဆေးမှုတော့မလုပ်ပေးပါဘူးရှင့် Folic acid နဲ့ EVO-3 သောက်ပါတယ်ရှင့်။ ခုထိတော့ ကလေးမရသေးပါဘူး။ အဲ့တာ ညီမ သိချင်တာက အမျိုးသမီးက ရာသီလည်းမှန်တယ် ပုံမှန်လာမယ့်ရက်မှာလည်းလာတယ်ဆိုရင် မမျိုးဥမကြွေစရာအကြောင်းမရှိဘူးမလားရှင့်။ အမျိုးသား အားနည်းလို့ ဆေးသောက်နေတာဆိုတော့ အဲ့တာကြောင့်ပဲ အချိန်ကြာနေတာ ဖြစ်နိုင်လားရှင့် ကျေးဇူးပြုပြီး ဖြေပေးပါ Drရှင့်
အမျိုးသားက သုက်ပိုးအားနည်းတယ်ဆို
အဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်
ဒါပေမယ့် ကလေးရဖို့ဆိုတာကလ အကြောင်းအရာတွေ အကုန်တိုက်ဆိုင်ဖို့လည်း လိုသေးတာကိုး
၂-၃ရက်ခြားတစ်ခါလောက် အတူနေပါ