ရာသီမလာခြင်း ခါးကိုက်ခြင်း တစ်ခါတစ်ရံဝမ်းဗိုက်ပါအောင့်ခြင်း
ရာသီက 11.03.2025 ကနေ 13.03.2025 ထိ လာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်း၅လလောက်ရှိပါပီ မလာတော့ပါဘူး အိမ်ထောင်တော့ရှိပါတယ် ဒါပေမယ့် LDRS ပါ အတူမနေဖြစ်ပါဘူး ခါက နာလာလိုက်သက်သာ လိုက်ဖြစ်ခဲ့ပါတယ်
အခု ခါးကနေ ပိုနာလာပါတယ် တစ်ခါတစ်ရံ ကျောပါ အောင့်ပါတယ် ပီးတော့ ဝမ်းဗိုက် ဘယ်ဘက်ကကော ညာဘက်ခြမ်းကပါ တစ်ခါတစ်ရံ အောင့်ပါတယ် ရာသီလာတဲ့ ပုံစံမျိုး အောင့်တာပါ ဒါပေမယ့်ရာသီမလာပဲ အဖြူပဲ ဆင်းပါတယ် အဲ့ဒါ ဘာကြောင့်လဲ ဆိုတာရယ် ဘယ်လို ကုသရမလဲ ဆိုတာ သိချင်လို့ပါ ရှင့်
တားဆေးတစ်ခုခုသုံးသလား