ကလေးလမ်းမလျှောက်သေးခြင်း
ဆရာရှင့် ကျွန်မရဲ့တူမလေးက ၁ နှစ်ကျော်ပါပြီရှင့် ခုထိလေးဘက်ကုန်းလည်းမသွားသေးသလိုလမ်းလည်းမလျှောက်သေးပါဘူးရှင့် သူငယ်ငယ်တုန်းကလှုပ်တဲ့ပုခက်ထဲမှာတော့ထည့်ထားတယ်လို့ပြောတယ်ရှင့် မတ်တပ်ရပ်ရင်လည်းခြေထောက်တွေကမတ်မနေဘူးရှင့် ကျန်တာတွေကတော့ပုံမှန်ပါပဲရှင့် သွားပေါက်တာလည်းနောက်ကျပါတယ်ရှင့် ထိုင်တာလည်း ၈ လ ၉ လလောက်မှထိုင်ပါတယ်ရှင့် ဗမာဆရာကပြောတာတော့ကလေးကအကြောထုံးနေတယ်လို့ပြောလို့ အကြောဆရာဝန်နဲ့ကလေးကိုပြကြည့်လို့ရောရလားရှင့် ကလေးအထူးကုနဲ့တော့တစ်ခါပြဖူးပါတယ်ရှင့် ဘာမှမဖြစ်ပါဘူးလို့ပြောပြီးအားဆေးပဲပေးလိုက်လို့ပါရှင့် ကျေးဇူးပြုပြီးဖြေပေးပါအုံးရှင့်















ကလေးအထူးကုနဲ့ပဲ ပြရမှာပါ
အကြောဆရာဝန်နဲ့ ပြရမှာမဟုတ်ပါ
တစ်ခါပြဖူးတယ်ဆိုတာကြာပြီလား
ကလေးက နဂိုတည်းက milestone နောက်ကျတဲ့ထဲမှာပါပုံရပါတယ်။ ဒါဆိုရင် အကုန်လုံးနောက်ကျနိုင်ပါတယ်။