အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။

အကာအကွယ်မဲ့ အတူနေထားတယ်။ ရာသီလည်း မပေါ်ဘူးဆိုရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သင့်တယ်ဆိုတာကို အမျိုးသမီးတိုင်း သိကြပါတယ်။ ဒါပေမယ့် ရာသီထိမ်ပြီး ဘယ်နှရက်နေရင် စစ်မှာလဲ။ ဒီနေ့ အတူနေပြီးနောက်နေ့ဆီးစစ်ရမှာလား။

ကိုယ်ဝန်ရှိမရှိကို တိတိကျကျ သိရဖို့အတွက် ဆီးစစ်သင့်တဲ့ အချိန်ကတော့ အတူနေပြီး ၂-၃ပတ်ကြာရင် ဖြစ်ပါတယ်။ ပုံမှန်ရာသီလာရမယ့်ရက်က ဒီ၂-၃ပတ်အတွင်းမှာ ရှိနေပြီး ရာသီလည်း မလာဘူးဆိုရင် ပိုပြီး စစ်သင့်ပါတယ်။ လာနေကျထက် တော်တော်ကြီး နည်းနေရင်လည်း စစ်လိုက်ပါ။ သန္ဓေအောင်ထားတဲ့ မျိုးဥလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ ရာသီလာသလိုမျိုး သွေးနည်းနည်းဆင်းတတ်လို့ပါ။

ဒီနေ့အတူနေပြီး နောက်နေ့စစ်ရတာမျိုး မဟုတ်ပါဘူး။ တူနေပြီး ၂-၃ပတ်အကြာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။အတူနေပြီး ဘယ်နှရက်နေရင် ကိုယ်ဝန်စစ်သင့်သလဲ။
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
13840
11
243

မှတ်ချက် 243ခု

ဆရာ 13 ရက်နေ့မှာ အတူနေပါတယ်ဆရာ ၁၄ရက်နေ့ မှာ အရေးပေါ်တားဆေးတိုက်ပါတယ်ဗျ 19ရက်နေ့ကျ မူးပြီး အော့အန်နေလို့

14 နဲ့ 15 မှာ အကာကွယ်နဲ့အတူထပ်နေပါတယ်ဆရာ ဆေးလဲ သောက်လိုက်ပါတယ်

ကိုယ်ဝန်ရှိနိုင်လား သိပါရစေဆရာ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ဆင်းချင်သလိုဆင်းတာ၊ ခေါင်းမူးခေါင်းကိုက်၊ ပျို့အန်တာ၊ ရင်သားတင်းတာ၊ နုံးတာ၊ နေထိုင်မကောင်းဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာမ 24ရက်နေ့ကအတူနေပြီးအထဲမှာပြီးလိုက်တယ်ဗျအရေးပေါ်တားဆေးတိုက်လိုက်ပါတယ် အဲ့လအတွင်းမှာပဲရာသီမလာသေးပဲထပ်နေလိုက်ပါတယ်ကွန်ဒုံးပေါက်သွာူလို့အရေးပေါ်တားဆေးပဲထပ်တိုက်လိုက်ရတယ်ဗျ အံတာပြီး1ရက်နေ့ကြရာသီလာပါတယ်ဗျ အရင်လို7ရက်ပဲလာတာပါဗျ အဲ့တာ11လပိုင်း 1ရက်နေ့ကနောက်ဆုံးလာပြီးအခု11ရက်နေ့ထိမလာသေးလို့ဗျ ကိုယ်ဝန်ရနိုင်ပါသလား

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Akira Kun

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာခမျ ၆လပိုင်းမာအတူနေတယါ ကွန်ဒံုးသံုးတယ်ပိုစိတ်ချရအောင်တားဆေးတိုက်တယ် ၇/၈/၉/၁၀လပိုင်းတေရာသီလာတယ် ၁၀/၁၀နေ့မာရာသီလာတယ်ခု၁၁လပိုင်ရကြရာငီကခုထိမလာသေးပါဘူး ၁၃ရက်တောင်ရှိနေပီမလာတာ ကိုယ်ဝန်နက်ဆိုင်လားဗျ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Ye Wana18

အတူနေပြီးနောက်ပိုင်း ရာသီလာရင် ကိုယ်ဝန်မရှိပါ

တခြားကြောင့် ဖြစ်နိုင်ပါတယ်

https://hellosayarwon.com/womens-health/menstruation/amenorrhea-%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%91%E1%80%AD%E1%80%99%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ကိုယ်ဝန်နဲ့ဆိုင်လားဗျ ၁၁လပိုင်းရာသီမလာသေးတာ ၆လပိုင်းကအတူနေပီး နောက်ထပ်နေမထားဘူးဗျ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

နောက်ပိုင်းမာအတူနေမထားဘူးဗျ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Ye Wana18

၆လပိုင်းနောက်ပိုင်းမှာရော အတူနေထားသေးလား

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

10လပိုင်း23ရက်နေ့က အတူနေရင်းကွန်ဒုံးပြဲသွားပါတယ် သိသိချင်းအသစ်တစ်ခုလဲပီး နေပါတယ် အပြင်မှာပဲ ပီးတာပါ ကောင်မလေးက စိတ်ပူပြီး ရာသီကလည်းပုံမှန်ဆို လအစ 13 14လောက်လာတာပါကိုယ်ဝန်ရနိုင်လားခင်ဗျ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေး မသောက်လိုက်ဘူးလား

တစ်ပတ်လောက် ရာသီလာဖို့ နောက်ကျနေရင်တော့ ဆီးစစ်ကြည့်ပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

18 ရက်မှာ အကာကွယ်မဲ့ အတူနေထား ပါတယ် သုတ်ရည်ကို အပြင်ထုတ်လိုက်တယ် ခု ေသွး ဆင်းနေတယ် ဆရာ ရာသီ ရက်ထက် ေစာ နေ လို့

လာတဲ့ ရာသီေရာင်က ရင့်ပါတယ် ကိုယ်ဝန် ဖြစ်နိုင်လားရှင့်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဒေါက်တာရှင့်ညီမတို့ကကိုယ်ဝန်ရဖို့ကြိုးစားနေကြတာပါ ညီမကခါတိုင်းလတွေကရာသီမမှန်ပေမဲ့ ၉လပိုင်းနဲ့ဆယ်လပိုင်းမှာရာသီပုံမှန်လာပါတယ် ၁၀လပိုင်းကရာသီလာတာနှစ်ရက်ပဲလာလိုက်တာပါ ၉.၁၀.၂၀၂၅မှာ ရာသီပြီးပြီး ၂၀ရက်နေ့နဲ့၂၂ရက်နေ့မှာ တူတူနေလိုက်ပါတယ် အဲ့ရက်တွေကကိုယ်ဝန်ရနိုင်ချေမြင့်တဲ့ရက်တွေလို့ခန့်မှန်းပေးထားတော့ ညီမလိုရာသီမမှန်တဲ့လူအတွက်ကျတော့ကိုယ်ဝန်ရနိုင်ချေရှိလောက်လားရှင့် ညီမတို့ကပုံမှန်လည်းတားဆေးမသုံးကြပါဘူးရှင့်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

၂-၃ရက်ခြားတစ်ခါ အတူနေပါ

အမျိုးသားက ဆေးလိပ်သောက်တယ်ဆို ဖြတ်ခိုင်းပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကောင်မလေးက 10 လပိုင်း 4 ရက်နေ့မှာရာသီစက်ဝန်းပြီးထားပြီး ဆယ်လပိုင်း 5,6,7 ရက်နေ့တွေမှာ အတူတူနေဖြစ်ကြပါတယ် ၊ အတူတူနေချိန်တိုင်းမှာ Condom ကိုသုံးပြီး ပေါက်ပြဲခြင်း၊စိမ့်ထွက်ခြင်းမျိုးမရှိပါဘူး ။ ယခုအပတ် အထူးသဖြင့် 15 ရက်နေ့ကစပြီး ကောင်မလေးက အဖြူဆင်းခြင်း ၊ ခါးကိုက်ခြင်းများဖြစ်ကာ ၊ ယနေ့ 18 ရက်နေ့မှာတော့ ပျို့ချင်သကဲ့သို့ဖြစ်ပါတယ် ။ ကိုယ်ဝန်ရှိနိုင်ပါသလားဆရာ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Dr Htet Htet Zaw Win

အကာအကွယ်နဲ့ပဲအတူတူနေခဲ့တာကြောင့် တားဆေးမသောက်ထားပါဘူးဆရာ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Най Мін Кхант

အရေးပေါ်တားဆေး သောက်ထားသေးလား

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
2

9လပိုင်း11ရက်နေ့ကအတူနေပါတယ်12ရက်နေ့မနက်ကျ one safe pill သောက်ပါတယ်

9လပိုင်း20မှာရာသီလာ​​ပါတယ်

ပြီးတော့9လပိုင်း30ရက်နေ့မှာအတူထပ်နေမိပါတယ် condomလည်းသုံးပါတယ်နောက်နေ့10လပိုင်း1ရက်နေ့ နေ့လည်လောက်မှ one safe pill သောက်လိုက်ပါတယ်ခုထိရာသီမလာသေးလို့ ကိုယ်ဝန်ရနိုင်လားရှင်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာပီး 2ပတ်ေလာက်မှာ အတူနေထားပါတယ် condomေရာ အရေးေပါ်တားေအရေးေပါ်တားဆေးပါသောက်ထားပါတယ် ကိုယ်ဝန်ရနိုင်လား

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

၅ရင်နေ့ကအတူနေပါတယ် အပြင်ထုပ်လိုက်ပါတယ် ၈ရက်နေ့ညရာသီလာပီး၉ရက်နေ့မနက်ကစပီးလည်ပင်းနဲ့လက်တေမှာ တင်းတိပ်လိုအမဲကွက်တေထွက်လာပါတယ် ရာသီက၁၁ရက်နေ့မနက်မှာပီးသွားပါတယ်ဆရာအမဲကွက်တေကတော့မပျောက်သေးဘူး ကိုယ်ဝန်ရနိုင်လားဗျ ဖြေပေးပါအုံး

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကွန်ဒုံးသေချာသုံးရင် ရနိုင်ခြေနည်းပါတယ်

တားဆေးကတော့ သားဥကြွေချိန်နီးတဲ့အတွက် ပြောရခက်ပါတယ်

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တစ်ပတ်ေကျော်တာတစ်ပတ်ကျော်တာ်စစ်တယ်ဆရာ တစ်ကြောင်းပဲပါ်ပါတယ်။ အတူနေတာ ၃ပတ်တော့မပြည့်သးပါဘူး အဲ့ကျထပ်စစ် ကြည့် လိုင်ပါ့မယ်ဆရာ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
မှတ်ချက် 93ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်