🔥 ရေပန်းစားသောအကြောင်းအရာ

ရာသီ၂ခါလာ / ကိုယ်ဝန်ရရန်

မမတို့ရေ။ ကူညီဖြေပေးကြပါဦးရှင့်။ ညီမက ကလေးယူနေသူပါ အပျိုကတည်းက ရာသီတစ်လ၂ကြိမ်လာပါတယ် (၁၀ရက်၁၅ရက်ခြားတကြိမ်) အခုထိ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၁နှစ်၅လရှိပီ တားဆေးမသုံးထားပါ။ Folic acidနဲ့ ovriplusသောက်ပါသေးတယ်။ ကလေးလိုချင်လို့ OGပြတော့ ရာသီမှန်အောင် ဟော်မုန်းပါတဲ့ တားဆေး Microgynon 30 ၆လသောက်ခိုင်းပါတယ်။ ညီမမေးချင်တာက ညီမလိုမျိုး တစ်လမှာရာသီ၂ခါလာပြီး ဘာမှဆေးမသောက်ပဲ ကိုယ်ဝန်ရသွားတဲ့သူရှိလား။ ရာသီမမှန်လို့တားဆေးသောက်ပြီးမှ ရာသီမှန်ပြီး ကိုယ်ဝန်ရသွားတဲ့သူ ရှိလား ။

နောက် ရာသီမမှန်တဲ့သူ သားဥကြွေဆေးသောက်ပြီး ကိုယ်ဝန်ရတဲ့သူရှိလား။ ဆိုတာ သိချင်တာပါ။ အဖြစ်သူရှိရင် ပြောပြပါနော်။

0
5
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

ရာသီစက်ဝန်းတိုတဲ့သူတွေက တစ်လတည်းမှာ ၂ခါ ရာသီလာတတ်ပါတယ်။ ကလေးရဖို့အတွက် သားဥကြွေဖို့က အရေးကြီးပါတယ်။ သားဥကြွေဖို့ဆို အမျိုသမီးဟော်မုန်းတွေက ပုံမှန်ဖြစ်နေရပါမယ်။

ကလေးရခြင်း မရခြင်းက ကံနဲ့လည်းဆိုင်ပါတယ်။ ရာသီမမှန်ပေမယ့် ကလေးရသွားတဲ့သူတွေရှိသလို ရာသီမှန်မှန်လာပေမယ့် ကလေးရဖို့ ခက်နေသူတွေလည်း ရှိပါတယ်။

ခုဟော်မုန်းမှန်ပြီး ရာသီမှန်အောင် ဆေးတွေပေးထားတယ်ဆိုတော့ ကလေးရဖို့ chanceများပါတယ်။ စိတ်ရှည်ပါ။ ကျန်းမာအောင် နေပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်