ကိုယ်ဝန် ရှိမရှိ အသေချာဆုံး သိနိုင်မယ့် နည်းလမ်းက ဘာလဲ။
ကိုယ်ဝန်ရှိမရှိကို စစ်နိုင်တဲ့ အဓိက နည်း ၃နည်း ရှိပါတယ်။
-လက္ခဏာရယ်
-ဆီးစစ်၊ သွေးစစ်တာရယ်
-အယ်ထွာဆောင်းရိုက်တာရယ်ပါ။
လက္ခဏာကတော့ အားလုံးသိကြတဲ့ ရာသီထိမ်သွားလား။ ပျို့အန်တာမျိုး ဖြစ်သလား။ ရင်သားတွေ တင်းနေလား၊ နုံးနေလား စတာတွေကို မေးမြန်းတာပါ။ ဒါက တခြားအခြေအနေတွေမှာလည်း ဖြစ်တတ်တယ်ဆိုတော့ သိပ်တော့ မသေချာပါဘူး။
ဆီးစစ် သွေးစစ်တယ်ဆိုတာကတော့ hCGဟော်မုန်းကို စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဆီးက အိမ်မှာ test kitနဲ့ စစ်လို့ရသလို ဆေးရုံဆေးခန်းတွေမှာ စစ်လို့လည်း ရပါတယ်။
နောက်ဆုံးတစ်ခုက အယ်ထွာဆောင်းရိုက်တာပါ။ ကိုယ်ဝန်၆ပတ်လောက်ဆို အယ်ထွာဆောင်းရိုက်လို့ရပါပြီ။ ရိုက်ပြီး ကလေးရှိရဲ့လားဆိုတာကို ကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက တစ်ခုချင်းစီဆိုရင် အားနည်းချက်ရှိတာကြောင့် အပြည့်အဝမမှန်နိုင်ပါဘူး။ ၃မျိုးပေါင်းစစ်ပြီး ရလဒ်တွေကလည်း ကိုယ်ဝန်ရှိနေတယ်လို့ပဲ ပြရင်တော့ တကယ်ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါတယ်။
ဒါကတော့ အတိကျဆုံးနည်းပါပဲ။
ဆရာမမေးခြင်လို့ပါကွန်ဒုံံစွပ်ပြီးလိင်ဆက်ဆံမိတာဗိုက်ကြီးနိင်လား ကွန်းဒုံကပေါက်တာပြဲတာလဲမရှိဘူး ပြီးပြီးခြင်တန်ထုတ်လိုက်တာဗိုက်ကြီးနိင်လာဆရာမ
အရေးပေါ်တားဆေးသောက်ပြီး3ပတ်အကြာမှာ ခေါင်းကိုက်တာကိုယ်ဝန်ရှိလို့လားဗျ ဘာလို့လဲဗျ
ဆရာမရှင့်ရာသီကပုံမှန်လာပါတယ်ဆရာမအရင်4လပိုင်အရင်4လပိုင်းတုန်းကရာသီနောက်ဆုံးရက်မှာေကာင်လေးနဲ့အကာအကွယ်သုံးပြီးအတူေနမိပါတယဆေးေတာ့မသောက်ထားပါဘူးဆရာမအခု5လပိုင်းမှာရာသီပုံမှန်လာရကနောက်ကျလို့ဆီးစစ်တာတစ်ကြောင်းပဲပြပါတယ်ဆရာမအဲ့ဒါနဲ့ကာင်လေးနဲ့18ရက်လာက်မှာအကာအကွယ်သုံးပေမယ့ပေါက်သွားလို့တာဆေးသောက်လိုက်ပါတယ်ဆရာမ22ရက်ေန့မှရာသီလာတာအရင်လထက်ရာသီဆင်းတာနည်လို့ပါဆရာမအဲ့ဒါကိုယ်ဝန်ရှိလို့ပဲလားတာဆေးသောက်ထားမိတာကြောင့်လားဆရာမရှင့်ေဖြပေးပါေနာ်ဆီးစစ်ဖို့အတွက်ဘယ်အချိန်မှာစစ်ကြည့်သင့်ပါသလဲဆရာမ
ဆရာမရေ ရာသီတော့ထိန်နေတယ် လက္ခဏာဘာမှမပြဘူး ပျို့တာအန်တာမူးတာ ဘာမှကိုမဖြစ်ဘူး စီးစစ်ကြည့်တော့ ၂မျဥ်းပေါ်တယ် ရေးရေးလေးပဲပေါ်တာ ဘယ်လိုကြောင့်လဲဖြေပေးပါနော်ဆရာမ ရာသီရက်ထက် ၁၀/၁၅ရက်လောက်နောက်ကျနေပီ