ကိုယ်ဝန်ဒုတိယ၃လအတွင်း သွေးဆင်းဖူးခြင်း
မင်္ဂလာပါရှင်။ ညီမ ကိုယ်ဝန်က အခု ၁၆ပတ်ပါ။ ကိုယ်ဝန် ၁၃ပတ်လောက်က အိပ်ရာထဲ လှဲနေရင်း သွေးတလဟောဆင်းခဲ့ပါတယ်။ အခဲလေးတွေလဲပါပါတယ်။ ချက်ချင်းပဲ OG ဆီသွားပြခဲ့ပါတယ်။ ခိုင်ဆေး ထိုးတာရော သောက်တာရောပေးပါတယ်။ မွေးလမ်းကြောင်းလဲ မပွင့်သေးပါဘူး။ ထူးဆန်းတာက နာကျင်ခြင်းလုံးဝမရှိတာပါ။ အထရာဆောင်းရိုက်တော့ ကလေးလေးက ကျန်းမာသန်စွမ်းနေပါတယ်။ သားအိမ်ထဲ အသားလုံးသေးသေးလေးရယ်၊ အချင်းက ကလေးရဲ့အောက်ရောက်နေတယ်လို့ပြောပါတယ်။ သွေးဆင်းတာက အာ့နေ့မှာတင်ရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တခါတခါ အဖြူအချွဲတွေနဲ့ရောပြီး အည်ုရောင်လေးအရိအရွှဲလေးတွေ ဆင်းပါတယ်။ နည်းနည်းလေးပါ။ အချိန်တိုင်းလဲ မဆင်းပါဘူး။ မိန်းမကိုယ်ယားယံတာ၊ နာကျင်တာမျိုး၊ ဆီးကျင်တာမျိုး၊ ဗိုက်အောင့်တာမျိုးတွေလဲ မရှိပါဘူး။ ဘာဖြစ်တာလဲရှင်?🥺
ကိုယ်ဝန်၈ပတိ၃ရက်ပါ ခိုင်ဆေးက၆ပတ်လောက်ကထိုးထားပါတယ် ခုကသွေးအညိုပေရုံစွန်းရုံဖြစ်နေလို့ပါ စိတ်ပူရလားရှင် ဆရာဝန်ပြဖို့ရက်ကလိုနေသေးလို့ပါ🙏
ကိုယ်ဝန်လနုချိန်မှာရော၊ ကိုယ်ဝန်တလျှောက်လုံးမှာ
သွေးဆင်းတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။
ဥပမာ ပျက်ကျမလိုဖြစ်တာတွေ၊ အချင်းကွာနေတာတွေဆို ဗိုက်မနာဘဲ သွေးဆင်းတတ်ပါတယ်။
အယ်ထွာဆောင်းမှာ ကလေးက ကျန်းမာနေတယ်။ ခိုင်ဆေးတွေလည်း ထိုးထားတယ်ဆိုတော့ သိပ်တော့
မစိုးရိမ်ပါနဲ့။ အချင်းက ကလေးအောက် ရောက်နေတာက ပြန်ရွေ့နိုင်ပါတယ်။ အသားလုံးက သေးတယ်။
ကလေးကိုလည်း ပိတ်မနေဘူးဆိုရင် သိပ်တော့ ပြဿနာ မရှိပါဘူး။ ပုံမှန်အယ်ထွာဆောင်းရိုက်ပြီး
စစ်နေဖို့တော့ လိုပါတယ်။
သေွးဆင်းတာ