🔥 ရေပန်းစားသောအကြောင်းအရာ

သားလေးမွေးမှာလား၊ သမီးလေးမွေးမှာလားက ဘယ်သူနဲ့ ဆိုင်သလဲ။

သားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် အားလုံးက ကိုယ့်သားသမီးပါပဲ။ တချို့မေမေတွေက သမီးတွေပဲ မွေးထားပဲ သားလေးလိုချင်တာ၊ သားရှိပြီးသားမို့လို့ သမီးလေးလိုချင်တာတွေ ရှိတတ်ပါတယ်။ တချို့ရှေးရိုးစွဲတဲ့ မိသားစုမှာ သားမွေးမှ အမျိုးသမီးက မြတ်တယ်။ သားမမွေးနိုင်တဲ့ ချွေးမက နှိမ်ခံရတာတွေ ရှိပါတယ်။

တကယ်က သားမွေးမမွေးဆိုတာ အမေနဲ့ မဆိုင်ပါဘူး။ အဖေနဲ့ပဲ ဆိုင်တာပါ။ သားလား သမီးလားဆိုတာ ခရိုမိုဆုမ်းနဲ့ ဆိုင်ပါတယ်။ Yခရိုမိုဆုမ်းပါမှ သားဖြစ်တာပါ။ Yခရိုမိုဆုမ်းကလည်း ယောကျာ််းလေးဆီမှာပဲ ရှိတာဆိုတော့ အဖေ့ရဲ့ သုက်ကောင်က Yဖြစ်နေမှ သားမွေးမှာပါ။ အဖေတွေမှာက XYဆိုပြီး ရှိတာဆိုတော့ အဖေ့ဆီက Xရရင် သမီးမွေးပြီး Yရရင်တော့ သားလေးမွေးပါတယ်။

အမေဆီမှာက Xပဲရှိတာဆိုတော့ သားမွေးမမွေးက သူနဲ့မဆိုင်ပါဘူး။ ဒါကြောင့် မေမေတွေက သားလေးမမွေးတာ ကိုယ့်အပြစ်လို့ ယူဆနေဖို့ မလိုပါဘူးနော် မေမေတို့။

သားလေးမွေးမှာလား၊ သမီးလေးမွေးမှာလားက ဘယ်သူနဲ့ ဆိုင်သလဲ။သားလေးမွေးမှာလား၊ သမီးလေးမွေးမှာလားက ဘယ်သူနဲ့ ဆိုင်သလဲ။
0
2
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်