ကိုယ်ဝန်ရှိနိုင်လား?
အမျိုးသားနဲ့က ယူထားတာ မကြာသေးတော့ ၃ခါ ၄ခါ လောက်ဘဲ အတူနေရသေးပါတယ်ရှင့် အကာအကွယ်မသုံးမိတော့ အရေးပေါ်တားဆေးသောက်ခဲ့ပါတယ်ရှင့်၄ခါ လုံး" အရေးပေါ်တားဆေးဘဲ သောက်ခဲ့ပါတယ်ရှင့် အထဲမှာလဲ သူက မပြီးခဲ့ပါဘူးရှင့် အကာအကွယ်တော့ ၁ကြိမ်သုံးခဲ့ပါသေးတယ် menstruationက အရင်ထဲက မမှန်တဲ့လူပါရှင့် လာတဲ့လ လဲ လာတယ် မလာတဲ့လ လဲ မလာပါဘူးရှင့် ၂လပိုင်းလောက်ကတော့ လာ တယ်ထင်ပါတယ် ရက်တော့ မမှတ်မိဘူး အဲ့လမှာ တားဆေးသောက်ခဲ့သေးပါတယ် ၃လပိုင်း ၁၃ရက်နေ့မှာလဲ တားဆေးသောက်ခဲ့ပါတယ်ရှင့် အခု ၄ပိုင်း ၉ရက်နေ့လောက်ကစပြီး နည်း"တစ်မျိုးကြီးခံစားလာရပါတယ် အရမ်းလဲ အိပ်ပါတယ် အစားလဲ မစားဖြစ်ပါဘူး ခေါင်းလဲ မူးပါတယ် ခေါင်းလဲ တစ်ချက် တစ်ချက် ကိုက်ပါတယ် ဗိုက်ထဲမှာလဲ လေပွသလိုလေတွေလဲ တက်ပါတယ် ပျို့ချင်သလိုလဲ ဖြစ်ပါတယ် ရင်သားတွေလဲ တင်းပြီးနာပါတယ် ၄ လပိုင်း၁၃ရက်နေ့မှာ တားဆေးထပ်သောက်ခဲ့ပါတယ်ရှင့် အဲ့တားဆေးသောက်ပြီး ဆီးစစ်ကြည့်တော့ ၁ကြောင်းဘဲ ပြပါတယ်ရှင့် နောက်နေ့ မနက်စစ်ကြည့်တော့လဲ ၁ကြောင်းဘဲ ပြပါတယ် မျက်နှာမှာလဲ ဝက်ခြံ ထွက်လာပါတယ် တားဆေးရဲ့ဆိုးကျိုးကို ခံစားရတာလား ကိုယ်ဝန်ရှိနေတာလားရှင့် ?
အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။ စောစစ်မိရင်လည်း မပေါ်တတ်ပါ။