ကိုယ်ဝန် ရှိမရှိ
ကောင်မလေးနဲ့ March လ ၆ရက်နေ့မှာ အတူနေဖြစ်ပါတယ်၊ အထဲမှာပဲ ပြီးမြှောက်သွားလို့ Lydia E pill ကို ပြီးမြှောက်ပြီး ၁:၃၀-၂:၀၀ ဝန်းကျင်မှာ သောက်ဖြစ်ပါတယ်။ ၁၄ ရက်နေ့မနက်မှ သွေးနည်းနည်း စဆင်းပြီး ဗိုက်က အောင့်ပေမယ့် ပုံမှန် ရာသီထက် သွေးနည်းနေလို့ အကြံညဏ်လေးတွေရချင်ပါတယ်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။