Pregnancy
ဆရာရေ
အမျိုးသမီး က ကိုယ်ဝန်စရှိတာ တလပဲရှိပါသေးတယ် ။
၁၊ တူတူနေလို့ရပါသလား။
၂၊ ညောင်းညာရင် အကြောဆန့်လို့ရပါသလား
၃၊ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့် အချက်တွေ သိချင်ပါတယ် ခင်ဗျာ
ဆရာရေ
အမျိုးသမီး က ကိုယ်ဝန်စရှိတာ တလပဲရှိပါသေးတယ် ။
၁၊ တူတူနေလို့ရပါသလား။
၂၊ ညောင်းညာရင် အကြောဆန့်လို့ရပါသလား
၃၊ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တဲ့ အလေ့အကျင့် အချက်တွေ သိချင်ပါတယ် ခင်ဗျာ
မှတ်ချက် 2ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
ကိုယ်ဝန်ကာလမှာ
အစားအသောက် သားငါးအသီးအရွက် အစုံစားပေးရပါမယ်
အစားရှောင်တာမျိုးတွေမလုပ်ရပါဘူး
တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ
ရေချိုးရင်ဆပ်ပြာတိုက်ပါ
ရင်သားနဲ့ မိန်းမကိုယ်ကိုသေချာဆေးပါ
ရင်သားကိုဆပ်ပြာတိုက်ပါ
မိန်းမကိုယ်ကို အပေါ်ယံပဲဆေးပါ အထဲထိနှိုက်ဆေးတာမျိုးမလုပ်ပါနဲ့
ပြင်းပြင်းထန်ထန်လ့ကျင့်ခန်းတွေမလုပ်ပါနဲ့
အတူနေရင် ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါနဲ့
ညဘက်မှာ ၈နာရီခန့် အိပ်စက်ပါ
နေ့ခင်းဘက်မှာ ၁နာရီခန့် ဘေးစောင်းလှဲပြီးအနားယူပါ
ကိုယ်ဝန်ကာလမှာ ဗိုကိနာတာ ရေဆင်းတာ သွေးတိုးတာ သွေးဆင်းတာ ဖျားတာ အမြင်ဝေဝါးတာ နှစ်ထပ်မြင်တာ ခေါင်းတအားကိုက်တာတွေဖြစ်ရင် ဆေးရုံဆေးခန်း ချက်ချင်းပြပါ
ပုံမှန်ရက်ချိန်းအတိုင်းလည်းသေချာပြပါ
ဖောလစ်အက်စစ် နဲ့ သံဓာတ်အားဆေးသေချာသောက်ပါ
အတူနေလို့ရပါတယ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကိုရှောင်ပါ အမျိုးသမီးသက်သာတဲ့အနေအထားနဲ့ အတူနေလို့ရပါတယ်
အကြောဆန့်လို့ရပါတယ် yogaလို လေ့ကျင့်ခန်းလည်းလုပ်လို့ရပါတယ် အကြောလျှော့လေ့ကျင့်ခန်းလိုမျိုးပါ
ပြင်းပြင်ထန်ထန်လေ့ကျင့်ခန်းလိုမျိုးတွေရှောင်ပါ
ကိုယ်ဝန်ကို ဆေးရုံဆေးခန်းမှာ ကိုယ်ဝန်အပ်ပါ
ရက်ချိန်းသေချာပြပါ