ကိုယ်ဝန်ရနိုင်လား

ဒီလ ၉ ရက်နေ့မှာ ရာသီစလာခဲ့ပါတယ် ၁၃ ရက်နေ့မှာ ရာသီပီးပါတယ်..ရာသီစက်ဝန်းကလဲ မှန်ပါတယ် ၂၈ ကြာ တစ်ခါ စလာတာပါ.. အရင် ၂လပိူင်းတုန်းက လဲ ၉ရက်​နေ့မှာပဲစလာပါတယ် ၁လပိုင်းတုန်းကလဲ ၉ရက်နေ့မှာပဲ.. အဲ့တာကြောင့် မှန်ပါတယ် ... သမီးသိချင်တာက ဒီလ ၉ရက်နေ့မှာလာပီး ၁၃ ရက်နေ့ပီးပါတယ် အဲ့တာကို ၁၆ရက်နေ့မှာ ကောင်လေးနဲ့အတူတူနေခဲ့မိပါတယ်...ဘာအကာအကွယ်မှမသုံးပဲနေခဲ့မိပါတယ်... အဲ့တာသားဥကြွေခြင်းတွက်ချက်တဲ့ကိရိယာမှာ သွားကြည့်တော့ ကိုယ်ဝန်ရနိုင်နည်းပါတယ် တွေ့ရပါတယ်..ကိုယ်ဝန်မလိုချင်သေးလို့ပါဆရာ. ဆရာ့အနေနဲ့ အကြံပေးချက်လေးတစ်ချက်သိချင်ပါတယ်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1

မှတ်ချက် 1ခု

ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်လို့ ပြောထားတာပဲ။ ရာသီစက်ဝန်းသာ မှန်တယ်ဆို ရနိုင်ခြေ နည်းပါတယ်။

ပြီးတော့ နောက်တစ်ခါ စောစောလာမေးပါ။ အခုကတော့ ရနိုင်ခြေ နည်းလို့ ထားပါတော့။ တကယ်လို့ ရနိုင်ခြေများတဲ့ရက်သာဆို လာမေးတာက နောက်ကျနေပြီ။ အတူနေတာကနေ ၅ရက်အထိပဲ တားဆေးက သောက်လို့ရမှာလေ။

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်