ကိုယ်ဝန်လား
Feb 12 ရက်နေ့မှာ သူ့ရဲ့အရည်ကြည်ထိထားတဲ့လက်နဲ့ မိန်းမကိုယ်ထဲထည့်မိပါတယ် ဒါကြောင့်ပဲတားဆေးသောက်ခဲ့ပါတယ်။ ဒါပေမဲ့ တာဆေးသောက်ပြီးတဲ့နောက်အဲ့ဒီနေ့မှာပဲ နောက်ထပ်တစ်ခါ ကိုယ့်ရဲ့လက်နဲ့ လက်မဆေးမိဘဲထည့်ခဲ့မိပါတယ်။ လက်က သူ့ရဲ့အရည်ကြည်နဲ့ထိတွေ့မိခဲ့ပေမဲ့ ခြောက်နေတာမို့ သတိလွတ်ပြီးထည့်ခဲ့မိပါတယ်။ အဲ့တာပြီးတော့တားဆေးထပ်မသောက်လိုက်ပါဘူး။ အဲ့ဒီနေ့ကလည်း ရာသီမလာခင် 7ရက်အလိုပါ။ အဲ့တာပြီးတော့ ရာသီပုံမှန်လာပါတယ်။ အခုရာသီလာပြီးနှစ်ပတ်ကြာတော့ လူကမနက်ပိုင်းဆို ရင်ပြည့်သလိုလို လေခဏခဏတက်ချင်သလိုလိုဖြစ်ပါတယ်။ ဗိုက်လည်းရာသီလာရင်နာသလိုနည်းနည်းနာပါတယ်။ အခုတော့မနာတော့ပါဘူး။ အဲ့တာကကိုယ်ဝန်ဖြစ်နိုင်လားဆရာ။
ရာသီပုံမှန်လာနေရင် ကိုယ်ဝန်မရှိပါ