ကိုယ်ဝန်မရခြင်း
ကျမက အသက်၃၃နှစ် အိမ်ထောင်ရှိပါတယ် ဂျပန်မှာနေပါတယ်၂နှစ်အရွယ် ကလေးတစ်ယောက်ရှိပါတယ် ၂၀၂၄ နိုဝင်ဘာလက စပြီး ရာသီမလာတော့ပါဘူး ရာသီမလာတာသုံးလပြည့်သွားတော့ ဒီမှာရှိတဲ့ OGကိုသွားပြပါတယ် သားအိမ်ထဲကို camera နဲ့ကြည့်ပါတယ် ကလေးရတာလည်းမဟုတ်သလို ဘာမှပြသနာရှိမနေဘူးလို့ပြောပါတယ် အဲ့ဒါနဲ့သွေးစစ်ခိုင်းပါတယ်ရှင် သွေးစစ်တဲ့ရလဒ်က သွေးဆုံးသွားပြီလို့ပြောပါတယ် နောက်ထပ်ကလေးရဖို့က ခက်သွားပီလို့ပြောပါတယ် ရာသီမလာရင် ဟောမုန်းမထွက်တဲ့အတွက် နောက်ဆက်တွဲရောဂါတွေရှိနိုင်တာမို့ ဟောမုန်းဆေးသောက်ပီး ရာသီလာအောင်လုပ်ရမယ်ဆိုပီးဆေးပေးပါတယ် ဆေးသောက်ပီးတစ်လကြာတော့ ရာသီလာပါတယ်ရှင် ဒီဆေးကို တောက်လျှောက်စွဲသောက်သွားရမယ်လို့လည်းပြောပါတယ်ရှင် သိချင်တာက ကလေးရဖို့ခက်တယ်ဆိုတဲ့ကိစ္စပါ ဆေးသောက်ပြီး ရာသီလာနေရင် ကလေးရနိုင်ပါသေးလားဆိုတာပါရှင် ဒီကဆရာဝန်တွေက ပြတ်ပြတ်သားသားမပြောပြလို့ပါရှင် ဖြစ်နိုင်ရင် ကလေးနောက်တစ်ယောက်လောက်တော့ လိုချင်သေးလို့ပါရှင့်

















ပြထားတဲ့ဆရာဝန်နဲ့ ဆရာဝန်နဲ့ ပြန်ဆွေးနွေးတာက ပိုကောင်းပါတယ်။ သားဥမကြွေတော့ဘူးဆိုရင်တော့ မရနိုင်ပါ။