Marvelon 28
မဂ်လာပါဆရာ ကျွန်တော့်အမျိုးသမီးက ပထမရာသီစလာပီးတဲ့အချိန်မှာ Marvelon 28 ကိုစသောက်ပါတယ်ဆရာ. ဒီနေ့နဲ့ဆို ၁၈လုံးမြောက်ကိုသောက်ပါတယ်ဆရာ. ဒါပေမဲ့အခု၁၈လုံးမြောက်ကိုသူမေ့လို့ သိသိချင်းသောက်လိုက်ပါတယ်ဆရာ. ကျွန်တော်နဲ့သူအလုပ်ရှုပ်တာများလို့ ဆေးသောက်ချိန်လဲမမှန်ဘူးဆရာ. ကျွန်တော်သိချင်တာ ဆေးသောက်ချိန်မမှန်တာက ကိုယ်ဝန်ရနိုင်လားဆရာ..Marvelon ဆေးစသောက်ပီး ၁၀လုံးမြောက်မှ ကျွန်တော်အကာအကွယ်မဲ့လိင်ဆက်ဆံမိတာပါဆရာ အဲ့ဒီတစ်ခါတည်းနဲ့ရော ကိုယ်ဝန်ရနိုင်လားသိချင်ပါတယ်ဆရာ
marvelon 28ကို ရာသီလာပြီး လေးရက်မြောက်နေ့မှာစ သောက်ပါတယ်ဆရာ အခုလေးလုံးမြောက်မှာနေမိသွားလို့ဘယ်လိုလုပ်သင့်ပါလဲဆရာ ပြန်ဖြေပေးပါ ငါးလုံးမြောက်ကိုမသောက်ဘဲ တစ်လုံးဆေးသောက်ရမလားဒီနေ့ မနက်ဖြန်မှ marvelon 28လုံးတားဆေးကို နှစ်ရက်ပေါင်းသောက်လိုက်ရမလားဆရာ ပြန်ဖြေပေးပါ
၁၀လုံးမြောက်မှ အတူနေတာက မရနိုင်ပါ
နေ့စဉ်သောက်တားဆေးဖြစ်တဲ့အတွက် နေ့တိုင်းသောက်ဖို့ လိုပါတယ်။
မေ့တဲ့ရက်တွေများလာရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။
မကြာခဏ မေ့တတ်ရင် တခြားသန္ဓေတားနည်းလမ်းကို ပြောင်းသုံးပါ။
၁၀လုံးမြောက်မှ အတူနေတာက မရနိုင်ပါ
နေ့စဉ်သောက်တားဆေးဖြစ်တဲ့အတွက် နေ့တိုင်းသောက်ဖို့ လိုပါတယ်။
မေ့တဲ့ရက်တွေများလာရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။
မကြာခဏ မေ့တတ်ရင် တခြားသန္ဓေတားနည်းလမ်းကို ပြောင်းသုံးပါ။