Hello ဆရာဝန်

ကျမက 25.12.2024 ရက်နေ့က ရာသီလာခဲ့ပါတယ်။ ရာသီလာတိုင်းမှာ အမြဲကိုက်ခဲပြီး ဆေးသောက်မှ သက်သာတဲ့သူမျိုးပါ။ 3.1.2025 မှာတော့ အမျိုးသားနဲ့အတူနေခဲ့ပါတယ်။ ခု ၁လပိုင်းမှာတော့ ရာသီမလာဘဲ 29, 30, နဲ့ ဒီနေ့ ၁ရက်နေ့လောက်မှာ ရာသီသွေးလိုမဟုတ်ဘဲနဲ့ တစ်နေ့ကို တစ်စက်လောက်ပဲ အရည်ကျဲကျဲနဲ့ အရောင်ဖျော့ဖျော့ပဲ အဖြူဆင်းသလိုလာပါတယ်။ ဆီးစစ်တံနဲ့ စစ်ကြည့်တော့လဲ ၁ကြောင်းပဲပေါ်ပါတယ်။ ပုံမှန်ရာသီလာရင်က ကိုက်ခဲနေတတ်သူမို့ အခုက ကိုက်ခဲခြင်းလဲမရှိ ရာသီလာသလိုမျိုးလဲမဟုတ် စစ်ကြည့်တော့လဲ ၁ကြောင်းပဲပေါ်နေလို့ ဘာဖြစ်နိုင်လဲသိချင်လို့ပါရှင့်။ ဒီနေ့ ၁ရက်နေ့မှာဆိုရင် ဆီးသွားတဲ့အခါ ဆီးကုန်ခါနီးမှာ ဆီးကျင်ခြင်းပါ စခံစားနေရပါတယ္။ ကလေးလိုချင်နေတဲ့သူမို့ ကိုယ်ဝန်ရနိုင်ခြေရောရှိလား ဖြေပေးပါဦးနော်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။


နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
2

မှတ်ချက် 2ခု

ဆီးစစ်တာမှန်တယ်ဆိုရင်တော့ ကိုယ်ဝန်မရှိဖို့ များပါတယ်။ ကိုယ်ဝန်ယူမှာဆို ချို့ယွင်းချက်မပါစေဖို့ ဖောလစ်အက်စစ် ကြိုသောက်ထားပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစစ်တာမှန်တယ်ဆိုရင်တော့ ကိုယ်ဝန်မရှိဖို့ များပါတယ်။ ကိုယ်ဝန်ယူမှာဆို ချို့ယွင်းချက်မပါစေဖို့ ဖောလစ်အက်စစ် ကြိုသောက်ထားပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်