အဖြူဆင်းခြင်း၊ အနံ့ထွက်ခြင်း

Doctor ရှင့်

အသက်(၂၅)နှစ်အရွယ် အိမ်ထောင်သည်ပါရှင့် ၊ အမျိုးသားနဲ့ တစ်ပတ်တစ်ကြိမ် အတူတူနေဖြစ်ပါတယ်ရှင့် ဓမ္မတာက Dec 24 ကနေ 27 ထိလာပါတယ်ရှင့်၊ ရာသီလာပြီးတဲ့ရက်ထဲက အဖြူလို အဝါလိုအရောင်နဲ့ watery ဆင်းတာပါရှင့်၊ မိန်းမကိုယ်ကလဲ အနံ့ထွက်နေသလို ဖြစ်ပါတယ်ရှင့်၊ ယားယံတာမျိုးမရှိပါရှင့်၊ ဆီးပိုးဝင်တာတော့ ဖြစ်ဖူးပါတယ်၊feminine wash လဲသုံးပါတယ်ရှင့်၊ ဘယ်လိုမျိုးများ လုပ်လို့ရနိုင်မလဲရှင့်၊ online ပေါ်မှာ ရောင်းတဲ့ အနံ့ဆိုးသက်သာစေတဲ့ serum, soap ဆိုတာမျိုးများ သူံးရမလားရှင့်၊ လူအများကြား အလုပ်လုပ်ရသူမို့ confidence ပျောက်နေလို့ကူညီပါဦးရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9
1

မှတ်ချက် 1ခု

ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ။ မိန်းမကိုယ်က သူ့ဟာသူသန့်တဲ့စနစ်ပါပြီးသားပါ။ လျှောက်လုပ်မှ pHပျက်ပြီး ပိုးဝင်ပါလိမ့်မယ်။

မိန်းမကိုယ်ကို ရေနဲ့ပဲ ဆေးပါ။ ဆပ်ပြာက အတွင်းပိုင်းထိ မဆေးရပါ။ ဆေးချင်ရင် အပြင်နှုတ်ခမ်းသားကိုပဲ ဆေးနိုင်ပါတယ်။

အတွင်းခံကို ချည်သား ချွေးစုပ်တာ ဝတ်ပါ။

ချွေးနံ့ပြင်းတယ်ဆို မိန်းမကိုယ်အမွေးကို နည်းနည်းတိလိုက်ပါ။

အွန်လိုင်းတွေ့သမျှကို မယုံပါနဲ့။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာပါ။

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်