Hello ဆရာဖြေကြားပေးပါဦးခင်ဗျာ
ကောင်မလေးနဲ့ Jan 3 2025 မှာအကာကွယ်မဲ့လိင်ဆက်ဆံမိခဲ့ပါတယ် ဆက်ဆံပြီးချင်း ၁၅ မိနစ်လောက်အတွင်းမှာ အရေးပေါ်တာဆေးသောက်ခဲ့ပါတယ် Jan 6 မှာရင်ပြည့်ပြီးအန်တာတစ်ကြိမ်ရှိခဲ့ပါတယ် လက်ရှိ Jan 7 မှာတော့ရာသီသွေးဆင်းနေပြီလို့ပြောပါတယ် သူ့ရဲ့နောက်ဆုံးရာသီသွေးစဆင်းတဲ့ရက်က Dec 27 2024 မှာပါ ပုံမှန်ဆိုကောင်မလေးက တစ်လတစ်ခါရာသီသွေးလာပါတယ် နောက်ကျလည်း ၁ရက် ၂ရက်ပါပဲ အခုကအချိန်တော်တော်စောပြီးရာသီသွေးဆင်းနေတာဘာကြောင့်များဖြစ်နိုင်မလဲခင်ဗျ ကိုယ်ဝန်ရနိုင်ခြေကောရှိနေလားသိချင်ပါတယ်
တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ဆင်းချင်သလိုဆင်းတာ၊ ခေါင်းမူးခေါင်းကိုက်၊ ပျို့အန်တာ၊ ရင်သားတင်းတာ၊ နုံးတာ၊ နေထိုင်မကောင်းဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။