🔥 ရေပန်းစားသောအကြောင်းအရာ

အိပ်ယာထဲဆီးသွားခြင်းနှင့် ဆီးမထိနိးနိုင်ခြင်း

ညီမဖြစ်စဉ်ကိုသေချာအသေးစိပ်လေးပြောပြချင်လို့ စာတော့အနည်းငယ်ရှည်ပါမယ်ရှင့် ကျေးဇူးပြ၍ဖြေပေးသွားပါအုံးရှင့်

ညီမကငယ်ငယ်ကအိပ်ယာထဲခကြာခဏသေးပေါက်တတ်ပါတယ် ငယ်ငယ်ကဆိုမီးဖိုရှစ်ခိုးအိပ်တာတို့ အဖေကတရေနိုးသေးပေါက်သွားဖို့နှိုးပေးတာတို့လုပ်ပေးပါတယ် ဆယ်ကျော်သက်ဖြစ်လာတဲ့နောက်ပိုင်းမှာ တခါတလေ(တော်တော်ကြာမှပါ)အိပ်ယာထဲအပေါ့သွားမိပါတယ် တခါတလေမှာအိပ်မက်ထဲအပေါ့သွားတာကို အပြင်မှာပါသွားမိတာရှိသလို တခါတလေကျတော့လဲကိုယ်တိုင်တောင်မသိလိုက်ဘဲသွားမိတာမျိုးရှိပါတယ် ဒါကတော့ငယ်ဘဝနဲ့ဆယ်ကျော်သက်ရွယ်သွားမိတာပါရှင့် ညီမယခုလက်ရှိ ၂၃ပြည့်ပြီးပါပီ ညီမလက်ရှိနယ်စပ်ပြည်ပဘက်မှာအလုပ်လုပ်နေပြီး အလုပ်က၈လပိုင်းကုန်ခါနီးမှစညဆိုင်းဆင်းရပါတယ် လွန်ခဲ့တဲ့ တစ်လကျော်နှစ်လလောက်ကစပြီး ညီမဆီးမထိန်းနိုင်သလိုဖြစ်လာလို့ပါ ဖြစ်ပုံကတော့ ညီမကဆိုင်မှာတစ်ယောက်ထဲဖြစ်လို့အိမ်သာသွားချင်တဲ့ခါမျိုးဆို တခြားဆိုင်ခွဲကလူကိုလှမ်းခေါ်မှ အိမ်သာသွားရပါတယ် သွားရတဲ့အိမ်သာကလဲနည်းနည်းလှမ်းပါတယ်လွန်ခဲ့တဲ့တလကျော်လောက်ကစ ညဆိုင်းမှာ နှစ်ဆိုင်းပေါင်းမှဝန်ထမ်းသုံးယောက်ပဲရှိတော့ ညီမအိမ်သာသွားရင်ခေါ်ရမှာအားနာမိလာတာ သူတို့လာရတာလဲနဲနဲလှမ်းသလိုတခါတလေေစျးဝယ်ေအာ်ဒါကျတာမျိုးလဲရှိတတ်ပါတယ် အဲ့တော့ညီမအရမ်းသွားချင်လာမှလှမ်းခေါ်ပါတယ် အရမ်းသွားချင်လာရင်လဲလူကဘယ်လိုမှမခံမရပ်နိုင်အောင်ကိုဖြစ်တဲ့ထိပါပဲရှင့် တခါတလေရုတ်တရက်ဆီးအရမ်းသွားချင်သလိုကိုဖြစ်လာပြီးလူကတီကောင်ဆားတို့သလိုတွန့်တွန့်ကိုလူးသလိုဖြစ်လာပါတယ် ဆိုင်မှာတစ်ယောက်ထဲဖစ်ပြီးအိမ်သာသွားရတာလဲမလွယ်တော့ ရေတောင်မသောက်ဖစ်တော့ပါဘူး ဘယ်လောက်ထိမအောင့်နိုင်သလိုဆို တခါတလေဆိုညီမအရမ်းပေါက်ချင်လာပီးဘောင်းဘီထဲတင်တစက်တစက်နဲ့ကျတဲ့ထိပါပဲ တခါတလေကျအရမ်းပေါက်ချင်လာပြီး အရမ်းမထိန်းနိုင်ဘဲဖစ်ပီး ဘောင်းဘီထဲကိုအနည်းငယ်ထွက်ကျသွားပါတယ် အဲ့လိုကျသွားပီးရင်လဲ ခနတာအပေါ့သွားချင်စိတ်သက်သာသလိုဖြစ်သွားတတ်ပါတယ် ဒါပေမဲ့ပြန်သွားချင်လာပါတယ် ညီမအဲ့လိုဖစ်တာတလကျော်နှစ်လနီးပါးရှိပါပြီ ညတိုင်းနီးပါး အသက်ကြီးမှဘောင်းဘီသေးစိုသလိုကိုဖြစ်တာပါ အဲ့တာကိုမှလွန်ခဲ့တဲ့လငါးရက်ကစ နေ့ခင်းဘက်အိပ်ချိန်ပါအိပ်နေရင်းအပေါ့အရမ်းသွားချင်လာမထိနိးနိုင်ဖစ်လာမှနိုးနိုးလာပါတယ် အပေါ့သွားချင်လို့ထလိုက်လဲဆီးကအိမ်သာမရောက်ခင်အထိတစက်တစက်နဲ့ထွက်နေတာပါရှင့် အဲ့လိုမထွက်အောင်လဲညီမမအောင့်နိုင်ပါဘူးရှင့် ရာသီလာရင်သူ့ဘာသာထွက်သလိုကို ဆီးကလဲအဲ့လိုဖစ်နေတာပါရှင့် မနေ့က(၄.၁၂.၂၄ရာသီစလာ)ဆိုရင်လဲနေ့ခင်းဘက်အိပ်တာအိပ်ယာထဲပါအပေါ့သွားမိကုန်ပါတယ် ညီမရာသီပထမရက်ဖြစ်တော့ကပ်ခွာခံအိပ်မိလို့ဆီးသွားချင်တာကိုမသိတာဖြစ်သွားသလာလို့ထင်မိပါတယ်အိပ်ရာနိုးမှစိုနေမှသိပါတယ် ၉လပိုင်းရာသီလာတုန်းကလဲတခါအိပ်ရာထဲအပေါ့သွားမိပါတယ် ၂၀၂၂လောက်ကလဲရာသီလာချိန်အိပ်ယာထဲအပေါ့တခါသွားဖူးပါတယ် အဲ့လိုဖစ်တော့ ကပ်ခွာခံထားတော့အပေါ့သွားချင်တာကိုမသိလိုက်ဖြစ်သွားသလားလို့တွေးမိလို့ပါ အခုလက်ရှိကတော့အလုပ်ညဆိုင်းဆင်းပီးမှ အခုလိုပြဿနာတွေဖစ်လာပါတယ် အများနဲ့နေရတော့ညီမလဲရှက်မိပါတယ်ရှင့် ညီမကိုအကြံဉာဏ်လေးပေးစေချင်ပါတယ် ဆရာဝန်နဲ့တိုင်ပင်ဆိုလဲ helloဆရာဝန်ကဆရာတို့နဲ့ဘယ်လိုဆက်သွယ်လို့ရမလဲရှင့် မြန်မာပြည်ထဲမဟုတ်တော့ဆေးခန်းသွားဖို့အဆင်မပြေလို့ပါ


ညီမလိုင်းပေါ်ကရှာဖတ်ကြည့်ထားတော့ လွန်ခဲ့တဲ့ခြောက်လထဲမှာ အိပ်ယာထဲဆီးသွားတာမျိုးမရှိဘဲအခုမှအိပ်ယာထဲဆီးသွားတာမျိုးဆိုဆရာဝန်နဲ့တိုင်ပင်သင့်တယ်ပြောထာလဲတွေ့လို့ပါရှင့်


စာရေးနေကြမဟုတ်တဲ့အတွက်ဖတ်ရအခက်အခဲဖြစ်သွားရင်တောင်းပန်ပါတယ်ရှင့်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
149
2
5

မှတ်ချက် 5ခု

ဆီးပူ ဆီးကျင် ဆီးအောင့်တာရော ရှိသလား။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါရှင့်

လော လောဆယ် ဆေးခန်းပြဖို့အဆင်မ ပြေ သေးလို့ရှင့်

ေသာက် သင့်တဲ့ ဆေး လေး များညွှန်း ပေးလို့ရနိုင်လားရှင့်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးနဲ့ ကျောက်ကပ်အထူးကုနဲ့ ပြကြည့်လိုက်ပါ

ဆီးမလုံတာ ဖြစ်မှာစိုးလို့ပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win


ဆီးပူဆီးကျင်တာမျိုးမရှိပေမဲ့ ရံဖန်ရံခါ ဆီးပုံးကအရမ်းတင်းပြီး အပေါ့သွားလဲအနည်းငယ်သွားတာမျိုးရှိဖူးပါတယ်


တခါတေလဆီးသွားချင်တာအရမ်းအာင့်ထားပြီးမှသွားရင် ဆီးကအနည်းငယ်သွားပြီးဆီးကျန်နေလိုခံစားရပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရေးဖို့ကျန်ခဲ့လို့ပါ

နေ့ခင်းဘက်အိပ်ရင်လဲအနည်းဆုံးနှစ်ခါလောက်ဆီးထထသွားရပါတယ် အိပ်ခါနီးရလဲသိပ်မသာက်ဖစ်ပါဘူးရှင် တခါတလဆိုသုံးခါေ လာက်ကိုသွားရပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်