Hello ဆရာ

ရာသီက ပုံမှန် ၂၆ရက်နေ့လာရမှာကို ၇ရက်နောက်ကျပြီး ၂ရက်နေ့မှလာပါတယ်

မနေ့က ကောင်မလေးက အိပ်လိုက်ပြီးတော့ အိပ်ရာနိုးတော့ တန်းပြီးအပြင်ထွက်သွားပါတယ်

အပြင်ကပြန်ရောက်တော့ ခေါင်းကိုက်တယ်ပြောပါတယ် တစ်ခေါင်းလုံးမကိုက်ပဲ တစ်ခြမ်းပဲကိုက်တယ်ပြောပါတယ် ပြီးတော့ ရေချိုးဖို့ပြင်တော့ ရာသီလာပါတယ် ပြီးရေချိုးလိုက်ပါတယ် ရေချိုးပြီးတော့ အစားစားချင်စိတ် မရှိဘူး ဘာမှမစားချင်ဘူးပြောပါတယ် ပြီးခေါင်းကိုက်ပျောက်ဆေးသောက်လိုက်ပါတယ် ခဏနေတော့ ချွေးတွေထွက်ပြီး အန်ချင်သလိုဖြစ်ပါတယ် ဒါပေမယ့်မအန်ခဲ့ပဲ အိပ်သွားပါတယ် မနက်ကြတော့လည်းရာသီ လာနေတုန်းပါ

ဒါပေမယ့် အစားစားချင်စိတ်ကတော့ မရှိပဲ အန်နေပါတယ် ခေါင်းကိုက်တာ ကိုယ်ပူတာတော့ မရှိတော့ပဲသက်သာသွားပါတယ် အခုတော့ ထမင်းလေးနည်းနည်းစားဝင်ပါပြီ စိုးရိမ်ရပါသလားခင်ဗျာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
13
3

မှတ်ချက် 3ခု

ရာသီရက်တွေက စောတာ၊ နောက်ကျတာ ရှိတတ်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အေးလေ အဲ့တာကြောင့် ရာသီရက်တွေက စောတာ၊ နောက်ကျတာ ရှိတယ်လို့ ပြောတာပါ။ ရာသီလာနေရင် ကိုယ်ဝန်မရှိဖို့ များပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

မဟုတ်ဘူးဆရာ ရာသီကလာတယ်ဗျ နောက်ကျမှလာတာပါ ၂ရက်တော့ရှိပါပြီ ဒီနေ့မနက် အစားမစားချင်ပဲ အန်လို့ပါဆရာ စိတ်ပူရပါသလားဗျ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်