Hello Doctor
ဆရာရှင့် ကောင်လေးနဲ့က တစ်လမှာ တစ်ကြိမ်ဘဲ အတူနေဖြစ်ပါတယ် အခုဆို သုံးကြိမ်တော့ရှိပါပြီ အတူနေပြီးတိုင်းလည်း အရေးပေါ်ဆေးဘဲသောက်ဖြစ်ခဲ့ပါတယ် ဆေးကသောက်တိုင်းမကောင်းဖူးလို့ ကြားဖူးပါတယ် အဲ့တာကြောင့် နောက်ပိုင်း အတူနေဖြစ်ရင်အရေးပေါ်ဆေးသောက်လို့အဆင်ပြေနိုင်ပါ့မလား ဘာဆေးသောက်သင့်လဲ အမြဲတမ်းလိုလိုနေတာမဟုတ်ပါဖူး တစ်လ တစ်ကြိမ်လောက်ဘဲနေဖြစ်တာပါ ဆောင်ရင်ရှောင်ရန် သိထားချင်လို့ပါရှင်

















အရေးပေါ်တားဆေးက ရာသီမမှန်တာဖြစ်တတ်တော့ စိတ်ရှုပ်ရပါတယ်။ မတော်တဆ သားဥကြွေတဲ့ရက်နဲ့ တိုက်နေမယ်၊ ကိုယ်သောက်တာ ဆိုရင်လည်း ဆေးသောက်ရဲ့သားနဲ့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဆေးမသောက်ချင်ဘူးဆိုရင် ကွန်ဒုံးသုံးလို့ ရပါတယ်။ ကွန်ဒုံးကိုတော့ သေသေချာချာ သုံးတတ်ဖို့ လိုပါတယ်။