မင်္ဂလာပါ ဆရာ ဆရာမတို့ရှင့် 🙏🙏🙏
5.8.24 ကနေ 8.8.24 အထိ ရာသီလာပါတယ် 11.8.24 မှာ နောက်ဆုံးအတူနေပါတယ်ရှင့် အတူနေတဲ့နေ့မှာပဲ အရေးပေါ်တားဆေးလဲသောက်ထားပါတယ်ရှင် ဆေးရဲ့ side effect ကြောင့်လားတော့မသိ 17.8.24 နဲ့ 18.8.24 မှာ ရာသီသွေး နှစ်ရက်ဆင်းပါတယ်ရှင့်
15.9.24 မှာ ဆေးခန်းပြရင်း ဆီးစစ်ကြည့်တော့ Negative ပြပါတယ် ဒါပေမဲ့ ဆရာမက ကို့ဘာကိုလဲထပ်စစ်ဖို့ပြောတာနဲ့ 19.9.24 မှာ မနက်အိပ်ရာနိုးချင်းသွားတဲ့ဆီးနဲ့စစ်ကြည့်တော့လဲ Negative ပါပဲ ဒါပေမဲ့ ခုချိန်ထိ ရာသီလာရမှာကို မလာသေးလို့ပါရှင့်
ဆီးထပ်စစ်ကြည့်သင့်သလား ဘာလုပ်ရမယ်ဆိုတာလေး အကြံဉာဏ်လေးပေးပါဦး ဆရာ ဆရာမတို့ရှင့် 🙏🙏🙏
အောက်ကအတူနေတဲ့ရက်မှာ သောက်ခဲ့တဲ့အရေးပေါ်တားဆေးပါရှင့်
သောက်တဲ့ဆေးကောမှန် မမှန်သိချင်ပါတယ် နေ့စဥ်သောက်တားဆေးကို စသောက်ချင်နေတာ ရာသီလာပီးမှ သောက်ဖို့ကို ခုထိမလာသေးတာဖြစ်နေလို့ Negative ဖြစ်ပီး ရာသီမလာတာကိုလဲ စိတ်ပူနေရလို့ပါရှင့် ကိုယ်ဝန်မရှိတာသေချာတယ်လို့ ဆရာမတို့ယူဆတယ်ဆိုရင် နေ့စဥ်သောက်တားဆေးကိုကော စသောက်လို့ရပီလား သိချင်ပါတယ် ကူညီပါဦး ဆရာ ဆရာမတို့ရှင့်
















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။
နေ့စဉ်သောက်ဆေးက စသောက်လို့ ရပါပြီ
စသောက်ပြီး ၇ရက်ပြည့်မှ အကာအကွယ်မဲ့ အတူနေပါ။
တားဆေးသောက်တဲ့အတွက် နောက်ဆုံးတန်းလောက်မှ ရာသီလာပါလိမ့်မယ်။