Hello Dr ရှင့်
ကလေးက၆လပြည့်ပီးပါပီ ဝမ်းသွားတာ တနေ့ကို ၄ကြိမ်၅ကြီမ်လောက်ရှိပါပီ အဲ့လိုသွားနေတာက ၁၆ရက်လောက်ရှိပါပီ ဆေးခန်းပြပေးမယ့် ဆေးက ၆ရက်စာသောက်ပီး ထပ်မပြဖစ်ပါဘူး ဖြည့်စွက်စာ စားလို့ ဝမ်းသွားတာဖြစ်နိုင်ပါသလား ဖြည့်စွက်စာကလည်း ထမင်းပျော့ပြဲချေကျွေးတာမစားလို့ ဆန်မှုန့်ကိုဆန်နဲ့နို့ပါတဲ့ဟာလေးကျွေးပါတယ် တချို့ကလည်း ဝမ်းသွားရင် နို့နဲ့ပတ်သက်တာစားရင် ပိုလျှောတယ်လို့ပြောလို့ပါ ဘယ်လိုလုပ်ရမလဲရှင်
















နို့က ဘာနို့လဲ
နို့နဲ့ကျွေးရင် ဝမ်းလျှောတယ်ဆိုတာက မသန့်လို့ ဒါမှမဟုတ် ကလေးမှာ နို့သကြားမချေဖျက်နိုင်တဲ့ ပြဿနာရှိနေလို့ ဖြစ်နိုင်ပါတယ်။
ကလေးဆရာဝန်နဲ့ ပြကြည့်ပါ။