Vagina
Dr. ရှင့် ကောင်လေးနဲ့ အတူမနေတာ ၂လကျော်ပါပြီ မနေ့က အတူပြန်နေတာ သူက CD သုံးပေမဲ့ နည်းနည်းကြမ်းသလိုဖြစ်သွားပြီး ပထမအချိန်နားပြီးတော့ ဒုတိယအကြိမ်မှာ ညီမကိုယ် ပူပြီး စပ်နေလို့ အကာကွယ်မသုံးပဲနေခဲ့ပါတယ် အိမ်ပြန်ရောက်တော့ ကြည့်တော့ မိန်းမကိုယ်ရဲ့အရင်းစပ်အောက်ပိုင်း စအိုမရောက်ခင် နေရာက (posterior fourchette လို့Google မှာေတာ့ရှာေတွ့ပါတယ်) နည်းနည်းပြဲသွားတယ်လို့ ခံစားရပါတယ် ရေထိရင်တောင်စပ်နေပါတယ် အာ့တာ အခု နာနေသေးတာ စိတ်ပူရလားရှင် အနာမကျက်တာမျိုး ဖြစ်တတ်လားရှင် ဆေးတွေလိမ်းဖို့လိုရင် ဆေးလေး ညွှန်းပေးပါနော်

















သိပ်မကြီးဘူးဆိုရင် ဒီတိုင်းထားလို့ရပါတယ်။
တစ်ရက်၊ ၂ရက်နေရင် သက်သာသွားပါလိမ့်မယ်။ ဒီတလောမှာ
အတွင်းခံကျပ်ကျပ် မဝတ်ပါနဲ့။ အိမ်သာသွားရင် ရေပိုက်နဲ့ မထိုးပါနဲ့။ ဆပ်ပြာမသုံးပါနဲ့။ ရိုးရိုးရေနဲ့ပဲ ဖြည်းဖြည်းဆေးပါ။ လက်နဲ့ သွားသွားမကိုင်ပါနဲ့။ လိင်မဆက်ဆံပါနဲ့။