HELLO -DOCTOR

အိမ်ထောင်ကျတာ 2-နှစ်ရှိပါပြီ ။ အိမ်ထောင်ကျပြီး အလုပ်သစ်တစ်ခုကိုပြောင်းလဲခဲ့ပါတယ် ။ အရင်ကအလုပ်က တစ်နေကုန်လုပ်လုပ်ရှားရှားနဲ့ လုပ်ကိုင်ရပါတယ် ။ အခုလက်ရှိအလုပ်က တစ်နေကုန် စာရင်းဇယားပြုလုပ်ရာမှာ ကွန်ပျူတာကိုသာအသုံးပြုရတာဖြစ်ပါတယ် ။ မနက်8နာရီကနေ တစ်ခါတစ်ရံ ည10နာရီထိကွန်ပျူတာနဲ့အလုပ်လုပ်ရပါတယ် ။ အမျိုးသမီးနဲ့ 15ရက်တစ်ကြိမ် သို့မဟုတ် တစ်လ တစ်ကြိမ် သာအတူနေဖြစ်ပါတယ် ။ ပထမအလုပ်စလုပ်စဥ် 5/6လမှာ အဆင် အမျိုးသမီးနဲ့အတူနေတဲ့အခါအဆင်ပြေပါတယ် ။ ဒါပေမယ့် အခု 1နှစ်ခွဲ လောက်အကြာမှာတော့ သတိထားမိလာတာက လိင်ဆက်ဆံစိတ်လျော့နည်းလာပါတယ် ။အဲ့တာကြောင့် တစ်ပွဲထိုးအင်္ဂလိပ်ဆေးတွေကို အသုံးပြုခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာ လိင်ဆက်ဆံကပိုမိုလျော့နည်းလာသလိုခံစားရပါတယ် ။ နောက်ပြီးတော့ အရင်လိုသန်မာမှုမရှိတော့ဘူး ။ တစ်ခါတစ်ရံ လိင်ဆက်ဆံဲရင်းနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါက သေးသွားပါတယ် ။ ပြန်လည်သန်မာလာဖို့ အချိန်ပြန်ယူရတယ် ။ နောက်ပြီး ပြန်သေးသွားပြီးပျော့ခွေလာပါတယ် ။ ဒီပြဿနာက လက်ရှိ အထိုင်များပြီးကွန်ပျူတာသုံးရတဲ့ အလုပ်ကြောင့်လား ဆိုတာသိချင်ပါတယ် ။ အထိုင်များတာကြောင့် လက်ရှိ ကိုယ်အလေးချိန်ကလည်းပဲ ပေါင်ချိန် 180 အထိ ဖြစ်လာခဲ့ပါတယ် ။ ဒီအလုပ်ကိုမလုပ်ခင်က ပေါင်ချိန် 135 ဝန်းကျင်ပါ။ လိင်စိတ်ကျဆင်းမှုအတွက် အဓိက ဘယ်လိုဆေးကို ပုံမှန်သောက်သုံးသင့်လဲသိချင်ပါတယ် ။ ကျေးဇူးပြုပြီးပြန်လည်ဖြေကြားပေးပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5
1

မှတ်ချက် 1ခု

စိတ်ဖိစီးမှုများတဲ့အခါ စိတ်မပါတာ၊ လိင်တံထောင်မတ်တာလည်း နည်းလာနိုင်ပါတယ်။ ဆေးတွေနဲ့ေဖြရှင်းတာက ရေရှည်အတွက် အဆင်ပြေမှာ မဟုတ်ပါ။

ဝိတ်လည်းချပါ။ အထူးသဖြင့် ခါးပတ်လည်မှာ အဆီများနေရင် မကောင်းပါ။ အလုပ်ချိန်၊ နားချိန်လည်း သေချာသတ်မှတ်ထားဖို့ လိုပါတယ်။ အခုက အလုပ်ချိန်လည်း တော်တော်များနေပုံ ပေါ်ပါတယ်။

အဓိကကတော့ စိတ်ရော ကိုယ်ပါ အနားယူပါ။ ဖြစ်နိုင်မယ်ဆိုရင် ခရီးသွားကြည့်ပါ။ အမျိုးသမီးနဲ့လည်း နီးနီးကပ်ကပ် ပြန်နေပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်