Please doctor

တားဆေးသောက်တာလေ အဲ့ပထမဆုံးတစ်လုံးကိုမသောက်မိလိုက်လို့ပါရှင့်


အဲ့တာပထမတစ်ခုသိချင်တာကလေ

အစကပြန်သောက်ရမလားရှင့် ဒါမှာမဟုတ် အဲ့ကျန်ခဲ့တာကိုမသောက်တော့ဘဲဆက်သောက်ရမလားရှင့်


ဒုတိယသိချင်တာကလေ

၂၈ ရက်နေ့အမျိုးသားနိုင်ငံခြားကလာမလို့ပါရှင့် ဆေးက ၂၂ ရက်ကမှစသောက်တာပါ ဒီနေ့မှ ၃ လုံးပဲသောက်ရပါသေးတယ်ရှင့်

အဲ့တာ ၂၈ ရက်နေ့အကာအကွယ်မဲ့ဆက်ဆံရင် စိတ်ချရပါ့မလားရှင့် ဆေးဘယ်နှစ်ရက်လောက်သောက်ပြီးမှစိတ်ချရလဲသိချင်ပါတယ်ရှင့်


နောက်တစ်ခုသိချင်တာကလေ

အမျိုးသားပြန်သွားပြီး ဘယ်နှစ်ရက်လောက်ဆေးဆက်သောက်ရအုံးမလဲရှင့်

Please doctor Please doctor 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8
2

မှတ်ချက် 2ခု

ဆေးက မေ့တာမဟုတ်ဘဲ ဒုတိယအလုံးကနေ စသောက်မိတာဆိုရင် နောက်ရက်ကျ ပထမအလုံးကိုသောက်လိုက်ပါ။ နောက်တစ်ရက်ကျရင်တော့ အစဉ်အတိုင်းဆက်သောက်သွားလို့ ရပါတယ်။ ပထမ ၃တန်းက ဆေးတွေက အတူတူပါပဲ။


ဆေးက ရာသီ'စ'လာတဲ့ရက်ကနေ ၅ရက်အတွင်းသောက်တာ မဟုတ်ဘူးဆိုရင် ၇ရက် ရက်ရှောင်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ တန်းနေလို့ ရပါတယ်။

ကိုယ်သောက်တာ ဘယ်ရက်လဲပေါ် မူတည်ပါတယ်။ ရက်ရှောင်ရမယ်ဆိုရင်တော့ ၂၉ရက်နေ့မှ အတူနေပါ။ ၂၈ရက်နေ့မှာ နေချင်တယ်ဆိုရင် အကာအကွယ်သုံးပါ။


နောက်ဆုံး အတူနေပြီး အနည်းဆုံး ၅ရက်အထိ ဆေးဆက်သောက်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ဆေးကတ်ကုန်တဲ့အထိ သောက်လည်း ရပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆေးသောက်ဖို့တစ်ရက်မေ့တယ်ဆိုရင် ပုံမှန်သောက်ရမယ့်တစ်လုံးရယ် အရင်နေ့က မေ့တဲ့ တစ်လုံးရယ်ကို သတိရတဲ့နေ့မှာ အဲ့ဒီ ၂လုံးကိုသောက်ပါ နောက်ရက်မှာ ပုံမှန်အတိုင်း ဆက်သောက်ပါ


အမျိုးသားက 28မှာ လာမှာဆိုရင် စိတ်ချရအောင် 20ရက်နေ့လောက်က စသောက်ရပါမယ် ဒါမှမဟုတ်ရင် ဆေးစသောက်ပြီး ၈ရက်လောက်နေမှ အတူနေပါ အမျိုးသားပြန်သွားသည်ဖြစ်စေ သောက်လက်စဆေးကို ၂၈လုံး ( တစ်ကဒ်လုံး ) ပြည့်အောင် ပုံမှန်ဆက်သောက်ပါ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်