🔥 ရေပန်းစားသောအကြောင်းအရာ

Please

ဆရာမရှင့် ၃လပိုင်း၁၂ ရက်CT ရိုက်ရင်း သားအိမ်အလုံးတွေ့လို့ မီးယပ်ဆိုင်ရာဆရာဝန်သွားပြပါတယ်။

အာထရာဆောင်းထည့်စစ်တော့ ဘယ်ဘက်သားဥအိမ်မှာ(32.4x37.1x34.3mm)သွေးလုံး(လို့ပြောပါတယ် သူ့ဟာသူ့ကျုံ့သွားမယ်လို့လဲပြောပါတယ် ၃ လစောင့်ကြည့်ပြီးမှ မသက်သာရင်နောက်ကုသနည်းလုပ်မယ်လို့ပြောပါတယ်။ အဲဒါ ၄ လပိုင်း ၂၂ ရက်ရာသီက ၁ရက်ပဲကောင်းကောင်းလာပြီး နောက်ရက် ပေရုံလေးပဲ ၂ ရက်လောက်လာက်လာပါတယ် (ပုံမှန်၃ ရက်ကောင်းကောင်းလာပါတယ်) ၂၀၂၄.၁.၁၅ ရက်နေ့ကလဲ သည်းခြေအိတ်ခွဲစိတ်မှုပြုလုပ်ထားပါတယ် ။ ခွဲစိတ်မှုဒဏ်ကိုကြောက်နေလို့ပါ ။ အခု ၃ လနေလို့မှ မသက်သာရင်ခွဲရနိုင်လားရှင့်။ (ပြည်ပတွင်ရှိနေသောကြောင့် အလုံးစုံနားမလည်လို့ပါ)


နောက်တခုက ၅လပိုင်း၅ ရက်နေ့မှာ ဆီးကျန်ပြီးဆီးနာလို့ မီးယပ်မှာပဲ သွားပြတော့ ပိုးသတ်ဆေး ၅ ရက်စာပေးလိုက်ပါတယ် ။ ၆ ရက်နေ့မှာ မိန်းမကိုယ် အတွင်းနှုတ်ခမ်းမှာ ရေယုန်လိုလို နီဖောင်းပြီး နာလာပါတယ် လမ်းလျှောက်လ်ု့တောင်မရပါဘူးရှင့် ။

ရင်သားတွေလဲတင်းပြီးနာပါတယ် ခါးတွေ လဲ နာပါတယ် မသက်သာပါဘူးရှင့် ။ ပိုးသတ်ဆေး ၅ ရက်ပြည့်အောင်သောက်ပြီးမှဆေးခန်းထပ်သွားမယ်လို့စီစဉ်ထားပါတယ် ။ သွားတဲ့အချိန် ဘာမေးမြန်းထားရမလဲရှင့် ။ မြန်မာလိုနားလည်ထားရင် အဆင်ပို​ပြေလို့ပါ။သူရှင်းပြလဲ အလုံးစုံနားမလည်လို့ ဘာဖြစ်မှန်းတောင်မသိတာပါ။

ကျွန်မဖြစ်နေတာတွေ ကဘာကြောင့်နဲ့ ဘယ်လိုဖြစ်တာ မြန်မာလိုသိရရင် ရပါတယ်။ အခုကဘာမှနားမလည်တော့ကြောက်စ်တ်နဲ့စိတ်ပူနေတာတခုပဲရှိပါတယ်။


အသက်က ၄၀ပါ ။ လိင်ဆက်ဆံဖော် မရှိတာ၁၀နှစ်လောက်ရှိပါပြီ။ သားဥအိမ်ကင်ဆာ ၊ သားအိမ်ကင်ဆာ မရှိဘူးပြောပါတယ်။


Gonorrhea နဲ့ Uterine chlamydia လဲ negative လို့ပို့လာပါတယ်


0
18k
မှတ်ချက် 3 ခု

မှတ်ချက် 3ခု

ဆရာမရှင့် ဒီနေ့မခံနိုင်လို့သွားပြတာ cystitis လို့ပြောပါတယ် လိမ်းဆေးနဲ့ ပိုးသတ်ဆေး ၅ ရက်စာ ထပ်ပေးပါတယ်။

မိန်းမအင်္ဂါကို ဆပ်ပြာတိုက်လို့ရလားရှင့်။

body soap ကော ph care နဲ့ပါဆေးရင် စပ်ဖျဉ်းဖျဉ်းနဲ့ နာပါတယ်ရှင့် ။ ဘယ်လိုသန့်ရှင်းရေးလုပ်သင့်ပါလဲရှင်။ အပေါ့သွားပြီးတိုင်း ရေသုံးသင့်ပါလားရှင့် ။ ဒီမှာတော့ tissue ပဲသုံးနေကျတော့ တချို့ အပြင်အိမ်သာထိုင်ရင် ရေမထား ပေးပါဘူးရှင့် ။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အကောင်းဆုံးက ရေများများနဲ့ ဆေးတာပါ။ ဆပ်ပြာတွေ pHcareတွေ မလိုပါ။ Cystitisက ဆီးအိမ်ရောင်တာပါ။ ရေများများသောက်ပါ။ ရိုးရိုး ဆီးအိမ်ရောင်တာဆိုရင်တော့ ဆေးသောက်ရင်သက်သာသွားနိုင်ပါတယ်။ တစ်ရှူးပဲသုံးရတယ်ဆိုရင်လည်း alcoholမပါတဲ့ baby wipeလိုမျိုးတွေ ဆောင်ထားပါ။ အမျိုးသမီးသုံးတွေလည်း သီးသန့်ရှိပါတယ်။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ပထမတစ်ခု သွေးလုံးကတော့ သူ့ဟာသူ မသက်သာရင် သောက်ဆေးနဲ့ အရင်ကုချင်လည်း ကုပါလိမ့်မယ်။ အခြေအနေပေါ်တော့ မူတည်တာပေါ့လေ။


ဒုတိယတစ်ခုကတော့ ဘာဖြစ်တာလဲဆိုတာကို မေးလိုက်ရင် ရပါပြီ။ ဒါမှမဟုတ်လည်း ဆေးမှတ်တမ်းတစ်ခုခုပေါ့။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်