🔥 ရေပန်းစားသောအကြောင်းအရာ

Pregancy

၁၉ရက်နေ့ကအကာအကွယ်မရှိပဲတူတူနေခဲ့ပါတယ်။Pai E72တားဆေးကိုလည်းသူ့ဆေးနည်းအတိုင်းသောက်ထားပါတယ်။၂၆ရက်နေ့တုနိးကတော့အကာအကွယ်သုံးပြီးတခါထပ်နေခဲ့ပါတယ်။အာ့အခုအဖြူတွေဆင်း ရင်သားတွေနာပြီးရာသီလည်းတပတ်ကျော်နေပြီး ဆီးသွားတိုင်းလည်းနာနေလို့ အာ့ဘာဖြစ်နိုင်လဲရှင့် ပြောပြပေးပါီဦးနော် ကိုယ်၀န်ရောရနိုင်ချေရှိလားဟင်

0
17k
မှတ်ချက် 5 ခု

မှတ်ချက် 5ခု

ရာသီမလာတာ တစ်ပတ်ကျော်နေပြီလို့ပြောတာလား

အရေးပေါ်တားဆေးတွေက ရာသီစောတာနောက်ကျတာဖြစ်တတ်ပါတယ်

အဖြူဆင်းတာကများလား အနံ့နံလား ယားတာရှိလား အဖြူအဖတ်ဖတ်တွေလား အရည်ကြည်ကြည်ပဲ လား ဖျားတာကောရှိလား မိန်းမကိုယ်မှာအနာတွေပေါကိတာကောရှိလား

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ဒါဆိုရင်တော့ ဆီးပိုးဝင်နေတာနဲ့ခပ်ဆင်ဆင်ဖြစ်နေတယ်သမီးရေ

ဆေးခန်းပြပြီး လိုအပိတဲ့စမ်းသပ်မှုတွေလုပ်ပြီး ဆေးသေချာသောက်ဖို့လိုပါတယ်

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Dr Minn Phone Myint

ဟုတ် မရှိပါဘူးရှင့် ဆီးသွားပြီးတာနဲ့နာကျင်တာပဲခံစားရတာပါရှင့် အခုယားယံတာပါဖြစ်နေပါတယ်ရှင့်

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးခဏခဏသွားရတာ ဆီးနည်းတာများတာ ဆီးအရောင်ပြောင်းတာ ဆီးသွားရတာ အားမရတာ ဆီးကျန်သလိုခံစားရတာ ဆီးသွားပြီး တစက်စက်ကျနေတာ အဲ့လိုမျိုးတွေကောရှိလား

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Minn Phone Myint

ဟုတ်ကဲ့ ၁ပတ်ကျော်နေပါပြီ အဖြူဆင်းတာကများပါတယ် အနံ့မနံပါဘူး တခါတလေတော့ယားယံပါတယ် အဖြူဖတ်ကောအရည်ကြည်ကောပါပဲ ဖျားတာမရှိပါဘူး အနာတွေလည်းမပေါက်ပါဘူး ရင်သားတွေနာနေပြီး ဆီးသွားရင်ကျင်တာပဲရှိတာပါ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်