Hello Dr

မတ်လ 3ရက်နေ့က ရာသီလာပါတယ်ရှင့် March 24 or 25 မှာ အတူနေမိပါတယ်ရှင့် CDမသုံး တားဆေးလဲတခါမှမသောက်ဖူးပါဘူးရှင့် အဝမှာပဲ ပွတ်တိုက် တာမျိုး လုပ်ခဲ့တာပါရှင် ဒါပေမဲ့ အရည်ကြည်ကြောင့်များလားဆိုပြီး စိတ်ပူနေလို့ပါ April 2ရက်နေ့မှာ ရာသီလာရမှာကို အခု ငါးရက်ကျော်အထိ မလာသေးလို့ပါ April 6 က ဆီးစစ်ခဲ့ပါတယ် negativeပါရှင့် April 3ရက်နေ့ကစပြီး ရင်သားတွေ မခံနိုင်အောင် မီးနဲ့ထိုးသလိူ နာနေပါတယ်ရှင့် ပုံမှန်ရာသီမလာခင်လဲ နာပေမဲ့ အခုကငါးဆလောက်ပိုနာနေလို့ပါရှင့် အစာမကြေရင်ပြည့်သလိုဖြစ်ပြီး လေတက်ပါတယ် ရာသီက ပုံမှန်လာနေကြ တလတလကို တရက်တရက်စောလာတာပါရှင့်

အခုက လာရမဲ့ရက်ထက် 5ရက်နောက်ကျနေလို့ပါ အဲ့တာကိုယ်ဝန်ရှိနိုင်ပါလားရှင် ဘယ်အချိန်လောက်မှာ ဆီးထပ်စစ်ကြည့်သင့်ပီး ဘယ်နှစ်ခေါက်စစ်ကြည့်ပြီးရင် စိတ်ချရမလဲရှင့် ဖြေပေးပါအုံးနော် အရမ်းကြောက်နေလို့ပါရှင်

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
1

မှတ်ချက် 1ခု

ပထမ တစ်ခေါက် ဆီးစစ်ထားတဲအအဖြေအရ ကိုယ်ဝန်ကို သိပ်ပြီးစိတိမပူစေချင်ပါဘူး

ရာသီလာတာက နောက်ကျတာ ဖြစ်တတ်ပါတယ်

stressများရင်လည်း နောက်ကျတတ်ပါတယ်

ရာသီလာတာကို စောင့်ကြည့်လိုက်ပါ

ရင်သားနာတာကတော့ ရာသီလာခါနီးရင်လည်းဖြစ်တတ်ပါတယ်

အရမ်းမခံမရပ်နိုင်​​ေအောင်နာတယ်ဆိုရင်တော့ ဆေးခန်းပြဖို့အကြံပေးချင်ပါတယ်

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်