🔥 ရေပန်းစားသောအကြောင်းအရာ

Internal Hemorrhoids Stage 2

မင်္ဂလာပါ ဆရာ ခင်ဗျာ

ကျနော့် အနေနဲ့ တခုလောက် မေးချင်တာလေး ရှိလို့ ကူညီပြီး ဖြေပေးပါဦးခင်ဗျာ။


ကျနော်က အတွင်းလိပ်ခေါင်း အဆင့် 2 ဖြစ်နေသူတယောက်ပါ။

25.3.2024 မှာ အတွင်းလိပ်ခေါင်းကို

သရေကွင်း ပစ်ပြီး ကုသလိုက်ပါတယ်ခင်ဗျာ။ အဲ့ဒါ အခုဖြစ်နေတာက ကုသပြီးတဲ့အချိန် 25.3 ကတည်းက ဒီနေ့ 27.ရက်နေ့ထိ ဝမ်းသွားတိုင်း သွေးနီနီရဲရဲတွေ ပါနေပါတယ်ခင်ဗျာ။ သရေကွင်းပစ် လုပ်ပေးလိုက်တဲ့ ဆရာဝန်ကလည်း သွေးပါတတ်သလား မပါတတ်သလား ဘာမှ မပြောလိုက်လို့ စိတ်ပူနေရလို့ပါခင်ဗျာ။

အဲ့လို သွေးပါတာ ကောင်းသလား ဆိုးသလား ဆရာ ကူညီဖြေကြားပေးပါဦးခင်ဗျာ။


တကယ်လို့ အဲ့လိုသွေးမထွက်ရဘူး။

သွေးထွက်တာ မှားနေတယ်ဆိုရင်

လိုအပ်ရင် ကျနော်က မြို့ပေါ်ပြန်တက်ပြီး ဆေးခန်းပြန်ပြရမှာမို့လို့ပါဆရာ။ ကူညီပါဆရာ။

0
17k
မှတ်ချက် 3 ခု

မှတ်ချက် 3ခု

ခွဲပြီးစမှာ သွေးပါတတ်ပါတယ်။ စောင့်ကြည့်ပါဦးနော်။ တအားများသလား။

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဒါဆိုရင်တော့ ၁ပတ်၊ ၂ပတ်လောက် စောင့်ကြည့်ပါဦး။

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

သွေးပါတာ နည်းပါတယ်ခင်ဗျ။

ဒါပေမယ့် ဝမ်းသွားတိုင်း သွေးပါတော့

စိုးရိမ်လို့ပါခင်ဗျ။

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်