🔥 ရေပန်းစားသောအကြောင်းအရာ

To Doctor

ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး Feb 19 နေ့က အတူနေ(လိင်ဆက်ဆံ) မိလိုက်ပါတယ် အစီအစဉ်မရှိပဲ အမှတ်မထင်ဖြစ်သွားတာမလို့ အကာအကွယ်မသုံးလိုက်မိပါဘူးခင်ဗျာ လိင်မဆက်ဆံခင် ကျွန်တော့်အင်္ဂါမှာ အရည်ကြည်ထွက်နေတာမျိုးတော့ရှိပါတယ် ကောင်မလေးရဲ့ မအင်္ဂါမှာလဲ wet နေပါတယ်ခင်ဗျာ ကျွန်တော့် လိင်တံမှာထွက်နေတဲ့ အရည်ကြည်ကို ခြောက်အောင်သုတ်ပြီးမှ ကောင်မလေးရဲ့ မအင်္ဂါထဲကို

ထိုးသွင်းတာပါ နှစ်ယောက်လုံးရဲ့ ပထမဆုံးအကြိမ်ဖြစ်နေတာနဲ့အမျှ ကောင်မလေးဘက်ကလဲ နာတယ်လို့ပြောပြီး ရှေ့ဆက်ဖို့အဆင်မပြေလို့ တစ်မိနစ် မပြည့်ခင်မှာပဲ ပြန်ထုတ်လိုက်ပါတယ်ခင်ဗျာ ပြန်ထုတ်လိုက်တဲ့အချိန်မှာတော့ သွေးစလေးနဲနဲပါတာကလွဲပြီး ကျွန်တော့်လိင်အင်္ဂါမှာလဲ အရည်ကြည်နဲ့သုတ်ရည် ထွက်နေတာမျိုး မရှိပါဘူးခင်ဗျ Feb 12 ရက်နေ့မှာ သူ့ရာသီသွေး

စဆင်းပါတယ် ကျွန်တော်နဲ့ အတူနေတဲ့နေ့ Feb 19 မှာရာသီသွေးဆင်းတာ ပြီးခါနီးအခြေအနေမှာပါ အတူနေပြီးနောက်ရက် Feb 20 မှာရာသီသွေးထပ်ဆင်းပါတယ်ဗျ (နောက်ဆုံးရက် နောက်ဆုံးဆင်းတာလို့တော့ပြောပါတယ်) အတူနေပြီး 10 ရက်အကြာ Feb 29 မှာ ဆီးစစ်တံနဲ့ စစ်ကြည့်ပါသေးတယ်ခင်ဗျာ တစ်ကြောင်းပဲပေါ်ပြီး Negative ပဲပြပါတယ်

အခုပြသနာက ဒီလ march 12 ဆိုရာသီသွေးဆင်းရမှာကို မဆင်းပဲဖြစ်နေလို့ပါခင်ဗျာ march 13 (ဒီနေ့) အထိမဆင်းသေးလို့ပါခင်ဗျာ မတော်တဆ ကိုယ်ဝန်ရသွားမှာစိုးရိမ်နေလို့ပါခင်ဗျ

(အရေးပေါ်တားဆေးသောက်တာမျိုးတော့ မလုပ်လိုက်မိပါဘူးဗျ ကောင်မလေးကလဲ မသောက်ချင်ဘူးဆိုပြီး ငြင်းနေတာနဲ့ ကျွန်တော်လဲ မတိုက်လိုက်မိပါဘူးခင်ဗျာ)

ဝင်ပြီးဆွေးနွှေးပေးကြပါဦးခင်ဗျာ

အကူအညီတောင်းပါတယ်

တကယ် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့လို့ပါခင်ဗျာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
54
5

မှတ်ချက် 5ခု

စိတ်ပူနေတယိဆိုတော့ ဆီးစစ်ကြည့်လိုက်လို့ရပါပြီ

ပထမတစ်ခါစစ်တာက အတူနေပြီး ဆယ်ရက်ပဲရှိသေးတာမို့ ဆီးစစ်ချက်အရမသိနိုင်ပါဘူး

ဆီးစစ်တာက ကိုယ်ဝန် စရှိပြီး နှစ်ပတ်ကျော်မှ စပြီးသိနိုင်ပါတယ်


လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ရာသီပြီးခါနီး အချိန်ဖြစ်တဲ့အတွက် ရနိူင်ချေနည်းတယ်ဆိုပေမယ့် ရနိုင်ချေတော့ရှိပါတယ်

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Minn Phone Myint

ကျွန်တော်ပြောပြထားသလို အခြေအနေမှာဆိုရင် ကိုယ်ဝန်ရနိုင်ခြေရှိပါသလားဆရာ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာတို့ခင်ဗျာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီကပုံမှန်အားဖြင့်စောတာနောက်ကျတာဖြစ်တတ်ပါတယ်ပုံမှန်လာနေကျရက်ထက်တပတ်လောက်ကျော်သွားရင်တော့ဆီးစစ်ကြည့်ပါနော်စိတ်အရမ်းမဖိစီးပါနဲ့stressတွေရှိရင်လဲရာသီထိန်တတ်ပါတယ် အတူနေတာ3ပတ်ပြည့်ရင်လဲဆီးစစ်လို့ရနေပါပြီ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်