2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်မီးနေသည် မေမေ စိတ်ကျခြင်း
ဒီတစ်ခေါက်တော့ ခုတလော hotဖြစ်နေတဲ့ အကြောင်းလေးပြောရအောင် မေမေတို့။
ဒီတလော သတင်းတွေမှာ မီးဖွားပြီးတဲ့ မေမေတို့ စိတ်ကျတဲ့ အကြောင်းလေးတွေ မျှဝေတာ ဖတ်ရမှာပါ။
ဟုတ်ပါတယ်။ ဒီလို စိတ်ကျတာက မေမေတွေ တော်တော်များများမှာ ဖြစ်ပါတယ်။ မွေးပြီး ၁ပတ်လောက်ကနေ နှစ်ပေါက်တဲ့ထိဖြစ်ပါတယ်တဲ့။
သူက အဓိကတော့ ၃ခုရှိပါတယ်။
သာမန် စိတ်ထဲနေလို့မကောင်းတဲ့ Baby bluesရယ်၊
စိတ်ကျတဲ့ Postpartum depressionရယ်၊
စိတ်ဖောက်သွားတဲ့ Psychosisရယ်ဆိုပြီးတော့ပါ။
စိတ်ကျသွားတာ၊ စိတ်ဖောက်သွားတဲ့အခါကျရင်တော့ မေမေတွေက ကိုယ့်ကိုယ်ကိုရော၊ ကလေးကိုပါ
အန္တရာယ်ပေးတတ်ပါတယ်။ ဒါကြောင့် ဒါက အရေးကြီးပါတယ်။
မေမေတို့ကို အကြံပေးချင်တာက
-ကလေးမွေးပြီးရင် စိတ်အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ 'ငါ baby blues'ဖြစ်နေပါလားဆိုပြီး
လက်ခံလိုက်ပါ။
ပြီးရင်တော့ ကိုယ်ရောစိတ်ပါသက်သာဖို့
-Me timeလေးတွေထားပါ။ တစ်ရက်ကို ၁နာရီလောက် အေးအေးဆေးဆေး အနားယူပါ။ ဒါမှမဟုတ် လုပ်ချင်တာလေးတွေလုပ်ပါ။ အဲ့ဒီအချိန်မှာ ကလေးအတွက် အာရုံစိုက်တာ ခဏလျှော့ထားပါ။
-နောက်ပြီးဒီလို communityတွေမှာ
ရင်ဖွင့်ပါ။ ဒါဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ သူများမေမေတွေလည်း ဒီလိုပဲဆိုတာ မြင်လာပါလိမ့်မယ်။ ဒီမှာကျတော့ တခြားမေမေတွေရော၊ ဆရာမတို့ရော
အကြံပေးလို့ရပါတယ်။
-အိမ်ထောင်ဖက်နဲ့လည်း
ချစ်ချစ်ခင်ခင်နေပါ။ အထူးသဖြင့် ဖေဖေတွေကို ပြောချင်တာက ဒီအချိန်မှာ မေမေတွေကိုနားလည်ပေးဖို့ပါ။
-ကလေးထိန်းဖို့၊ဝေယျာဝစ္စလုပ်ဖို့ အကူအညီယူပါ။ ခန္ဓာကိုယ်ပါ ပင်ပန်းလာရင် ပိုပြီးစိတ်ရှုပ်လာပါလိမ့်မယ်။
-အာဟာရပြည့်အောင်စား၊ လှုပ်လှုပ်ရှားရှားနေ၊ အပြင်လေး ဘာလေး ထွက်ပါ။
-ဒီလိုအချိန်ဆို မေမေတွေက ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြတယ်။ ကလေးငိုလည်း ကိုယ့်ကြောင့်၊
ကလေးဖျားလည်း ကိုယ့်ကြောင့်၊ နို့မစို့လည်း ကိုယ့်ကြောင့်လို့ တွေးတတ်ကြလို့ ဒီလိုတွေလည်း မတွေးပါနဲ့နော်။ ဘေးပတ်ဝန်းကျင်ကလည်း မိခင်တွေကို
တအားအပြစ်မတင်ကြပါနဲ့။
တော်တော်ကြီး စိတ်ပင်ပန်းနေပြီ။ လွတ်ထွက်သွားတော့မယ်လို့ ခံစားရရင်တော့ စိတ်ပညာရှင်တွေနဲ့ ပြသပြီး ကုထုံးလေးတွေ ခံယူသင့်ပါတယ် မေမေတို့။ ဒါက ရှက်စရာကိစ္စမဟုတ်ပါဘူးနော်။
မှတ်ချက် 2ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ဆရာတစ်ခုလောက်မေးပါရစေခင်ဗျကျွန်တော်မိန်းမဗိုက်ခွဲမွေးထားတာ၁၀ရက်လောက်ရှိပါပြီးချုပ်ရိုးလဲဖြည်ပြီးပါပြီးချုပ်ရိုးလည်းကောင်းပါတယ်ဝမ်းချုပ်တယ်ဆရာဝမ်းချုပ်တော့ဆရာဝန်ကဝမ်းနူန့်ဆေးသောက်ခိုင်းလိုသောက််တာဝမ်းသွားပါတယ်ဒါပေ့မယ်ဗိုက်ကအောင့်နေတယ်ညာဘက်အခြမ်းကမခံမရပ်နိူင်အောင်လမ်းလျှောက်ရင်လဲအောင်တယ်ဝမ်းသွားရင်တောင်အောင့်တယ်ပြောတယ်ဆရာဘာဖြစ်တာလဲဆိုတာသိချင်ပါတယ်ဆရာ