🔥 ရေပန်းစားသောအကြောင်းအရာ

မဂ်လာပါ

မဂ်လာပါရှင် ကျမ ကလေးယူဖို့ ကြိုးစားနေတယ် ဆရာရှင် ဒါပေမဲ့ကလေးမရဘူး ဆရာ အရင်ကတော့ ကလေး ယူမို့ အစီအစဉ်မရှိတုန်းကတော့ ကျမ implant သုံးဖူးတယ်ရှင် အခု ကလေးယူမယ် ကြိုးစားချိန်မှာ ကလေးက မရပြန်ဘူးရှင် ဘာများ ပြင်ဆင်ရမလဲ ဆရာရှင်

0
10
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

ဒီimplantတွေက ထုတ်ပြီးသွားရင် သိပ်မကြာခင်မှာပဲ ကလေးပြန်ရတတ်ပါတယ်။ Depoလိုမျိုးမကြာပါဘူး။

တစ်ခုရှိတာက ကိုယ်ကလည်း ပုံမှန်အတူနေဖို့လိုမယ်။ ကျန်းမာရေး ကောင်းအောင်လည်း နေရမှာပေါ့နော်။ အမျိုးသမီးအနေနဲ့ကတော့ ဒီအချက်လေးတွေ ပြင်ထားပါနော်။

https://hellosayarwon.com/pregnancy/mother-care/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9a%e1%80%b0%e1%80%90%e1%80%b1%e1%80%ac%e1%80%b7%e1%80%99%e1%80%9a%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%9b%e1%80%84%e1%80%ba-%e1%80%80%e1%80%bc%e1%80%ad/

တကယ်လို့ ကိုယ်က အသက် ၃၅နှစ်အောက်ဆိုရင် impalntထုတ်ပြီး ၁နှစ်ကြာတဲ့အထိ၊ ၃၅နှစ်အထက်ဆိုရင် ၆လကြာတဲ့အထိ မရသေးဘူးဆိုရင်တော့ အိုဂျီနဲ့ ပြန်ပြပါ။ စုံတွဲလောက် ပြပါနော်။ အမျိုးသားချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်