ကိုယ်ဝန်ရှိစဉ် ရာသီလာခြင်း
Gf နဲ့ Feb 11 က Hs ရှိခဲ့ပါတယ် သူ့ရာသီပြီးတဲ့ရက်ပါ သူက Feb 6 ကနေ 10 ထိလာပါတယ် မထင်မှတ်ပဲ ဖြစ်သွားတာမလို့ CD မပါခဲ့ပါဖူး ကျနော်လည်း ပြီးတဲ့အထိ မလုပ်ခဲ့ပါဖူး သူကဆေးမသောက်ချင်ဖူးဆိုလို့ မတိုက်ခဲ့ပါဖူး March 4 မှာ နောက်တကြိမ် Hs ရှိခဲ့ပါတယ် CD လည်းသုံးပါတယ် CD ကိုစစ်ကြည့်လိုက်တော့ ပေါက်ပြဲနေတာလည်းမရှိပါဖူး CD သုံးထားတယ်ဆိုပေမဲ့ အထဲမှာ မပီးပါဖူး အပြင်မှာပဲ ပြီးခဲ့တာပါ March လမှာ သူပုံမှန်ရာသီလာချိန် ထက် 6ရက်လောက်နောက်ကျပါတယ် အဲ့တာကြောင့်သူက ဗမာဆေးသောက်လိုက်ပါတယ် အဲ့တော့ March 17 ကနေ 21 ထိသူလာပါတယ် အဲ့ထဲကအခုထိ Hs မရှိခဲ့ပါဖူးဗျ
April မှာ 20 ကနေ 24 ထိ ရာသီထပ်လာပါတယ် May မှာလည်း 11 ကနေ 14 အထိရာသီလာပါတယ် အဲ့လိုအခြေနေမျိုးမှာ သူ့ဆီမှာ ကိုယ်ဝန်ရှိနေနိုင်လားဗျ

















ရာသီက လတိုင်းလာနေတာပါပဲ။ တစ်ခုရှိတာက မိန်းကလေးက ရာသီစက်ဝန်းရက် မှန်တဲ့သူမဟုတ်တဲ့ပုံပါပဲ။ ဒါကြောင့် ရက်တွေက ရှေ့တိုး၊ နောက်ဆုတ် ဖြစ်နေတာပါ။ မတ် ၄ရက်နေ့က နောက်ဆုံးနေခဲ့တာ၊ ကိုယ်ဝန်လည်း ရှိနေမယ်ဆိုရင် ခုလောက်ဆို ကိုယ်ဝန်လက္ခဏာတွေ ပြနေလောက်ပါပြီ။ အဲ့လို လက္ခဏာတွေ ရှိလို့လား။
ရာသီလည်း လာနေတာဆိုတော့ ကိုယ်ဝန်ရှိဖို့က နည်းပါတယ်။ တကယ်လို့ စိတ်ထဲမရှင်းရင်တော့ ဆီးသာစစ်ကြည့်လိုက်ပါ။