ကိုယ်ဝန်ရှိမရှိ သိချင်ပါတယ် ဆရာ
ကျွန်တော့် ကောင်မလေးနဲ့ တွဲလာတာ ၁၀ နှစ်ကျော်ရှိပါပြီ။ လွန်ခဲ့သော သုံးရက်က လိင်ဆက်ဆံခဲ့ပါတယ်။ အခု သူက အန်ခြင်း အစာစားတာနဲ့ အဝင်မခံဘဲ အန်ပါတယ်။ ခါးတွေလည်းနာတယ်ပြောပါတယ်။
မိဘချင်းအဆင်မပြေမှုနှင့် ကျွန်တော်တို့ စားဝတ်နေရေး အဆင်မပြေသောကြောင့် ဖျက်ချချင်ပါတယ်။ သို့ပေမယ့် ရှိနေတာလား မရှိဘူးလား မသိသောကြောင့် ဆရာ အကြံလေးပြောပြပေးပါဦး။

















အတူနေတာ ၅ရက်မကျော်သေးရင် အရေးပေါ်တားဆေးသောက်ပါ။ ကာကွယ်နိုင်စွမ်းကျသွားပေမဲ့လည်း အာနိသင်တော့ ရပါသေးတယ်။
ပိုကောင်းတာကတော့ ကော့ပါးသားအိမ်ထဲထည့်တဲ့ ပစ္စည်းသုံးတာပါ။ သူကလည်း ၅ရက်အတွင်းဆို ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင် ကိုယ်ဝန်ဖျက်ချလို့ မရပါဘူး။ မလိုချင်ရင် အချိန်မီတုန်းတားပါ။
ဆီးစစ်တံနဲ့စစ်ကြည့်ပါလား