ကိုယ်ဝန်ရှိမရှိ
ကောင်မလေးက အရေးပေါ်တားဆေးသောက်ထားလို့ရာသီ နောက်ကျမှလာတယ် အဲ့တာ သွေးလဲတော်တော်များများဆင်းတယ် ဒါပေမဲ့ဆရာ ခဏခဏပျို့နေလို့ အဲ့တာ ဘာဖြစ်တာလဲဆရာ တစ်လထဲမှာပဲ အရေးပေါ်တားဆေး နှစ်ခါသောက်မိတာနဲ့ရောဆိုင်လား ကိုယ်ဝန်လက္ခဏာ ထဲမှာလဲပါနေတော့
မဖြစ်သင့်တာ မဖြစ်ရအောင်လို့ပါဆရာ ဖြေပေးပါဦးဆရာ

















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
စိတ်ပူတယ်ဆိုရင် အတူနေပြီး ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်ပါ။
နောက်ပြီး အရေးပေါ််တားဆေးကို ခဏခဏသောက်တာက ရာသီစက်ဝန်းကမောက်ကမ ဖြစ်တတ်ပါတယ်။ မကြာခဏ အတူနေဖြစ်နေတယ်ဆိုရင် တားဆေးတစ်မျိုးမျိုးကို သေချာ သုံးပါ။