🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရင်ကထက် ပိုပြီး အဖြူဆင်းတတ်ပါတယ်။

ခပ်ပျစ်ပျစ်ကနေ အရည်ကျဲအထိ ဆင်းတတ်ပါတယ်။ ဒါက ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်း ကြုံရတတ်ပါတယ်။

သာမန်အဖြူဆင်းတာကတော့

-ခပ်ကျဲကျဲ ဒါမှမဟုတ် ခပ်ပျစ်ပျစ်

-အဖြူရောင် ဒါမှမဟုတ် နို့နှစ်ရောင်

-ခပ်သက်သက် အနံ့ရှိတတ်ပါတယ်။

သတိထားရမယ့် အဖြူဆင်းတာတွေကတော့

-အရောင်တွေပါလာတာ

-အနံ့ဆိုးတာ

-မိန်းမကိုယ်ယားယံတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

မေမေတို့ လုပ်နိုင်တာက

-ဆင်းတာများလွန်းရင် Panty linerလေး ခံနိုင်ပါတယ်။

-မိန်းမကိုယ်ကို ရေ ဒါမှမဟုတ် မိန်းမကိုယ် သန့်စင်ဆေးရည်နဲ့ ဆေးပါ။ ဆပ်ပြာနဲ့ မဆေးပါနဲ့။

-အထိုင်မများပါစေနဲ့။ ရေများများသောက်ပါ။

-ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေ သောက်တာ၊ မိန်းမကိုယ်ထဲကို ဆေးတောင့်တွေ ထည့်တာ မလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်းကိုယ်ဝန်ဆောင်မေမေများနဲ့ အဖြူဆင်းခြင်း
3
17k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်