🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာ‌လ (၂၀)အပတ်အတွက် သိထားသင့်သည်များ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


ဒီအပတ်မှာတော့ ငှက်ပျောသီးအရွယ် ၂၅ စင်တီမီတာ၊ ၃၁၅ ဂရမ်လောက်ရှိပါပြီ။ကလေးလေးက သားအိမ်ထဲမှာ နေရာပိုယူလာတော့ မေမေတွေရဲ့အဆုတ် အစာအိမ်၊ ဆီးအိတ် ကျောက်ကပ်တွေကိုပိုပြီးတော့ သွားဖိသလိုဖြစ်ပါတယ်။ အကာအကွယ်ပေးထားတဲ့ ဖယောင်းလွှာအောက်မှာ ကလေးလေးက အရေပြားစပေါ်လာပြီး ထူလာပါတယ်။ ဆံပင်၊ လက်သည်းတွေလည်း ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။


ခန္ဓာကိုယ်မှရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်


မေမေတွေ ၄.၅ကီလိုလောက်ကို အလေးချိန်တွေတက်လာမှာပါ။ ဒီအပတ်ကစပြီး အပတ်တိုင်ကို ပေါင်ချိန်နည်းနည်း ထပ်တက်ဦးမှာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်အလေးချိန်မပြည့်ရင် ထပ်တက်အောင် လုပ်ရမှာဖြစ်ပြီး များနေရင် သိပ်မတက်အောင်လုပ်ရမှာပါ။ သွေးနီဥတွေဖြစ်ဖို့ အောက်ဆီဂျင်သယ်ဖို့ လုပ်ပေးတဲ့ ဟေမိုဂလိုဘင်တွေ ဖြစ်အောင် သံဓါတ်သတ္တုဓါတ်တွေ အလုံအလောက်ရအောင်တော့ စားပေးရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာအောင် ကလေးလေးနဲ့ အချင်းဖွံ့ဖြိုးမှုအတွက်ပါ သံဓါတ်တွေပိုလိုပါတယ်။


သိသင့်သိထိုက်တာလေးတွေ


ချက်ကြိုးသွေးသိမ်းတာ လုပ်မလုပ် ဆုံးဖြတ်သင့်ပါတယ်။ ကလေးလေးမွေးပြီးတာနဲ့ ချက်ကြိုးကသွေးကို နောင် ဆဲလ်အပြောင်းအလဲလုပ်ဖို့အတွက် သိမ်းထားထာမျိုးကိုပြောတာပါ။ သိမ်းနည်းနှစ်မျိုးရှိပါတယ်။


• အများသုံး- အများသုံးသွေးဘဏ်ကအဲဒီသွေးတွေ ကိုဘယ်သူမဆို လိုရင်သုံးလို့ရအောင် အလှူအနေနဲ့သိမ်းထားတာပါ။


• ကိုယ်ပိုင်- အခကြေးပေးပြီးသိမ်းပေးတဲ့ ဌာနမှာထားပြီးကိုယ့်မိသားစုဝင်ထဲကပဲ လိုအပ်မှ ယူသုံးဖို့ သိမ်းတာပါ။


ကိုယ်ဝန်ဆောင်ကာ‌လ (၂၀)အပတ်အတွက် သိထားသင့်သည်များ ကိုယ်ဝန်ဆောင်ကာ‌လ (၂၀)အပတ်အတွက် သိထားသင့်သည်များ 
1
34
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်