ကိုယ်ဝန်ရနိုင်လား
အတူနေပြီး condomလဲ သုံးပါတယ်။ဒါပေမဲ့ condomက အခုမှ first time သုံးဖူးတာရယ် အခုမှ ပထမဆုံးအတူတူလိင်ဆက်ဆံဖူးတာကြောင့် condom စ
... ပိုမိုကြည့်ရှုရန်🔥 ရေပန်းစားသောအကြောင်းအရာ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
ကလေးလေးက ကြီးထွားနှုန်းမြန်လာတာနဲ့အမျှ အခုဆို မုန်လာဥအရွယ် ၁၅၀ ဂရမ်၊ ၁၂ စင်တီမီတာလောက် ရှိနေပါပြီ။ ကလေးလေးက အခုဆို အဆီလေးတွေလည်း စပေါ်လာပါပြီ။ သူလေးရဲ့အဆီတွေက ဆက်ပိုတိုးလာမှာဖြစ်သလို မွေးတဲ့အခါကျ တစ်ကိုယ်လုံး အလေးချိန်ရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိလာမှာပါ။ ကိုယ်လးကို နွေးနွေးထွေးထွေးရှိစေဖို့ အဆီတွေက အရေးကြီးပါတယ်။ နှလုံးလေးက ခုန်တာပိုမြန်လာပြီးတော့ တစ်မိနစ်ကို ၁၄၀-၁၅၀ ကြိမ်လောက်ရှိနေပါပြီ။ မေမေတွေရဲ့ ၂ဆလောက် ရှိတယ်နော်။ ဒါက ကလေးလေးကြီးထွားတာ အားကောင်းလာပြီး အာဟာရတွေ အောက်ဆီဂျင်တွေ ပိုလိုလာတယ်လို့ ဆိုလိုတာပါ။ ဒီတော့ အချင်းက ကလေးလေးကို လိုအပ်တာတွေ ထောက်ပံ့ပေးဖို့ မြန်မြန်လေးဖွံ့ဖြိုးလာပါတယ်။
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
မေမေတို့ရဲ့ ရင်သားကပိုပြီးကြီးထွားလာမှာမို့ နေရခက်လာမှာပါနော်။ ဟော်မုန်းတွေက ရင်သားဆီ သွေးပိုစီးအောင် လှုံ့ဆော်ပြီး နို့ထွက်ဖို့အတွက်ပြင်နေပါပြီနော်။ ဒါကြောင့်လည်း သွေးကြောတွေကို မြင်လာရနိုင်ပါတယ်။ ရင်သားကြီးလာတာမို့ ဘရာဇီယာကို ဆိုဒ်ပိုကြီးတာ ဝယ်ကြပါနော်။
အစားစားချင်စိတ်လည်း ပိုဖြစ်လာတာကို သတိထားမိမှာပါ။ ဒီ ဒုတိယ ၃ လပတ်မှာ မူးဝေတာတော့ လုံးဝမဖြစ်တော့ပါဘူး။ ဒီတော့ အစာလည်းကောင်းကောင်းစားလို့ရပြီ။ ကလေးကိုလည်း လိုအပ်တဲ့အာဟာရတွေ အပြည့်အဝကျွေးလို့ရပြီပေါ့။ အချိုတွေ အဆီအဆိမ့်တွေ အရမ်းများတာတွေတော့ ရှောင်ရမယ်နော်။ အသတ်နိုင်ဆုံး ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာထားပြီး ကလေးလေးကြီးထွားဖို့ အာဟာရတွေ ဗီတာမင်တွေကို လုံလောက်တဲ့ ပမာဏရအောင် စားပေးပါ။ အများကတော့ နှစ်ယောက်စာလောက် စားရမယ်လို့ပြောပေမယ့် ဝိတ်တက်လာမယ်ဆိုတာကို မမေ့ပါနဲ့။ အစားအစားကို စည်းစနစ်ကျကျစားပြီး အသီးအရွက်တွေကို ပိုဦးစားပေးပါ။ ပုံမှန်ထက် ၃၀၀ ကယ်လိုရီပိုစားလို့ရပါတယ်။
သိသင့်သိထိုက်တာလေးတွေ
ကိုယ်အပူချိန်မြင့်လာပြီး ချွေးထွက်လွယ်လာတာကို စိတ်ပူနေလောက်ရောပေါ့။ ဒါက ဘာမှတော့မဖြစ်ပေမယ့် နေရထိုင်ရခက်တာပေါ့နော်။ အေးအေးလေးဖြစ်အောင် သက်တောင့်သက်သာရှိတဲ့ အဝတ်ချောင်ချောင်ချိချိတွေ ဝတ်ပါ။ ရေအေးအေးလေးနဲ့ ချိုးပါ။ ပန်ကာသေးသေးလေးတွေ ဆောင်ထားပါ။ သွေးက ပမာဏများလာတဲ့အပြင် စီးတဲ့နှုန်းလည်း ပိုမြန်လာပါတယ်။ ဒါကြောင့်မို့ ပိုပူလာတာပါ။ အေးအေးလေးနဲ့ခြောက်ခြောက်သွေ့သွေ့နေဖို့ အရေးကြီးပါတယ်။ မေမေတွေ ကိုယ်ကပူနေရင် ကလေးကလည်းပူလာပြီးတော့ အန္တရာယ်ရှိနိုင်ပါတယ်။ ချွေးအလွန်အကျွံထွက်ရင် ရေဓါတ်ဆုံးရှံးတာဖြစ်နိုင်ပါတယ်။ ရေများများသောက်ဖို့ မမေ့ပါနဲ့။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။